အခန်း - ၁၈၆ ( လက်ထပ်ပြီးသည့်နောက် )

8.6K 1.4K 219
                                    

အခန်း - ၁၈၆ ( လက်ထပ်ပြီးသည့်နောက် )

{ ဘာပဲလုပ်လုပ်၊
အတူတူလုပ်ကြရမယ်လေ }

နောက်တစ်နေ့မနက် မိုးပင်မလင်းသေးခင် ချူယွမ်က သွမ့်ပိုင်ယွဲ့၏နှာခေါင်းကိုညှစ်ကာ လှုပ်နှိုးလိုက်သည်။

"ထလာစမ်း"

သွမ့်ပိုင်ယွဲ့မှာ မျက်လုံးကြီးမှိတ်နေလျက်သားနှင့် သက်ပြင်းချလိုက်ရ၏။

"ဒေါင်းမွေးစောင်ကြီးလည်း ရှိမနေတဲ့အပြင် အိပ်ရာထနောက်ကျလို့လည်း မရဘူးပေါ့"

"အင်း"

ချူယွမ်က ထိုသူ၏ရင်ခွင်ကျယ်ထက် မှောက်လျက်အိပ်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"မတတ်နိုင်ဘူးလေ၊ ကိုယ့်ကံကြမ္မာကို ကိုယ် ကြိတ်မှိတ်လက်ခံလိုက်ပေတော့"

သွမ့်ပိုင်ယွဲ့က တစ်ဖက်လူ၏ကျောပြင်ကို လက်တစ်ဖက်​ဖြင့် ပွတ်သပ်ပေးလာ၏။

"တကယ်ပဲ ဒီလောက်အစောကြီး ထရမှာလား"

"....ခဏလောက်ဆက်အိပ်လို့လည်း ရပါတယ်"

ချူယွမ်က ပြောပြောဆိုဆို သွမ့်ပိုင်ယွဲ့၏ အောက်နှုတ်ခမ်းသားကို ဖွဖွလေးကိုက်လိုက်ကာ အနမ်းပွင့်များ တောင်းခံလာ၏။ တစ်ခဏစာသာကြာသော်လည်း နူးညံ့ချိုမြိန်လွန်းနေသည်။

"ဒီနေ့အခမ်းအနားက လုပ်စရာအဆင့်တွေ များလွန်းတယ်၊ မင်း လိုက်မမှတ်ချင်ရင်လည်း ငါလုပ်တဲ့အတိုင်းသာ လိုက်လုပ်ချေ။ နားလည်လား"

"မင်းပြောလိုက်တဲ့ပုံက အခမ်းအနားကြီးတွေကို ကိုယ် မတက်ခဲ့ဖူးတဲ့အတိုင်းပဲ"

သွမ့်ပိုင်ယွဲ့က မိမိခန္ဓာပေါ်ရှိလူကို ပွေ့ဖက်လိုက်ကာ အိပ်ရာထက်လှဲချပြီး နေရာချင်း​လဲလိုက်၏။ ထို့နောက် တစ်ဖက်လူ၏ပါးပြင်အား လက်ချောင်းများဖြင့် လိုက်လံထိတွေ့လာလို့။ ချူယွမ်က လက်နှစ်ဖက်မြှောက်လိုက်ကာ ထိုလူကြီး၏လည်တိုင်အား ရစ်သိုင်းဖက်တွယ်ထားလိုက်သည်။

"အရင်တုန်းကတော့ မင်းက ဝမ်ရယ်တစ်ပါးပဲဖြစ်နေတာလေ၊ အောက်မှာ ရပ်စောင့်နေလိုက်ရင် ပြီးပြီ။ ဒီတစ်ခေါက်တော့ အရင်ကနဲ့ မတူတော့ဘူး၊ အမှားအယွင်းဖြစ်လာလို့ကတော့ အပယ်ခံနန်းမှာ ခြောက်လလောက် ပန်းလေးထိုး အဝတ်လေးပဲချုပ်နေလိုက်တော့"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now