အခန်း - ၁၈၀ - Zawgyi font

3.6K 321 21
                                    

Word Count - 15000 ကျော်သွားလို့ထင်တယ်၊ Zg font မပါဘူးဆိုလို့ပါ။ အဲ့လိုစာလုံးရေများရင်လည်း wp ကြောင်တတ်တာမို့ ။ ဖတ်လို့ရပြီလို့ မျှော်လင့်ပါတယ်၊ ကျေးဇူးပါ။

💜💛

အခန်း - ၁၈၀ ( တိုက်ဆိုင်စွာတွေ့ရှိရမှု )

{ လူသားတွေ မှန်းဆထားလို့ မမီတဲ့အရာတွေဟာ ကောင်းကင်ဘုံရဲ့ဖန်ဆင်းချက်ပါပဲ }

ကျင့်လျိုဟွီက တွေဝေစွာဆိုလာသည်။

"ဟုတ်လား"

"ဟုတ်တယ်လေ"

ဝမ်းလျိုနျဲန်က ဆက်ပြောလာ၏။

"မဟုတ်ဘူးဆိုရင်လည်း ခင်ဗျားပြောကြည့်ပါဉီး၊ အားယွဲ့က ဘယ်လိုလုပ်ပြီးတော့များ ဒီယန္တရားကို ဖွင့်နိုင်မလဲဆိုတာ"

လုံးဝကို ကျိုးကြောင်းမဆီလျော်ဘူး။

ကျင့်လျိုဟွီ ဆွံ့အသွားသည်။

"ဟုတ်တော့ဟုတ်ပါတယ်"

ရှန်ချန်းဖုန်းလည်း တစ်မျိုးတစ်ဖုံ အာရုံလြွှဲပေးလိုက်၏။

"အထဲကို တစ်ချက်သွားကြည့်ကြရအောင်လေ။ အဲ့ထဲကို ချူရှိန့်တစ်ယောက်တည်း ဝင်သွားလို့ရတယ်ဆိုကတည်းက တန်ဖိုးရှိတဲ့အရာတွေ ရှိနေနိုင်တာပဲ။ မဟုတ်ရင် သူ ဘာလို့ ဒီလောက်ထိ အားစိုက်ထုတ်ထားရမှာတဲ့လဲ "

ကျင့်လျိုဟွီလည်း ခေါင်းညိတ်လို့ မဆုံးတော့။ သို့သော် စိတ်ထဲမှာတော့ သင်္ကာမကင်းဖြစ်နေဆဲ။

ဤယန္တရားက ဟန်ပြမျှသာ ဖြစ်နေခဲ့ပါလျှင် ၊ မိမိလည်း အရင်ဝင်သွားနှင့်လောက်ပြီဖြစ်ကာ ကျောက်မျက်ရတနာများကို သွားသယ်လာခဲ့ပြီးပြီဖြစ်သည်။ သို့မှသာ အရှင်မင်းမြတ်ထံ ပိုပြီးမျက်နှာလုပ်နိုင်မည်ဖြစ်သည်။

သို့နှင့် အယောက်တိုင်းက မီးတုတ်များကိုင်ကာ ဂူထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားလိုက်ကြသည်။ ဝမ်းလျိုနျဲန်ကလည်း နောက်မှ ခပ်သွက်သွက်လိုက်လာခဲ့သည်၊ သူ့ ကျောပြင်တစ်ခုလုံးအနှံ့ ချွေးစေးများရွှဲနေလို့။ ကျောက်ယွဲ့မှာ ဝမ်းလျိုနျဲန်၏အဖြစ်ကိုကြည့်ကာ ရယ်ရမလားငိုရမလား မသိတော့၊ သူ့နောက်သို့သာ အမီလှမ်းလာလိုက်ကာ လက်ကို ကိုင်ဆွဲထားလိုက်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now