အချပ်ပို - ၂ : ၅

5.2K 810 125
                                    


အချပ်ပို - ၂ : ၅

အိမ်ငယ်လေးထဲတွင် ပကတိအတိုင်း တိတ်ဆိတ်နေလျက်ရှိသည်။ ချစ်သူနှင့် ဘေးချင်းယှဥ်ကာ နှစ်ယောက်တည်းအတူရှိနေရသောအခါ အချိန်ကာလသည်လည်း လျင်မြန်စွာ ကုန်ဆုံးသွားသယောင်။ သို့သော် တစ်စက္ကန့်သော်မျှ ပျင်းရိငြီးငွေ့စရာဖြစ်မနေခဲ့။ ထိုအတွေးစမျိုးအား ချူယွမ် တွေးတောနေမိပေသည်။

သူတို့ရှေ့မှောက်ဝယ် အိုဟောင်းသော ကျားကွက်ကစားရာခုံတစ်ခုရှိနေသည်။ သွမ့်ပိုင်ယွဲ့က မေးကို လက်ဖြင့်ထောက်ထားကာ မျက်ဝန်းများကလည်း အတွေးစထဲ မျောလွင့်နေပြီး ငိုက်မြည်းနေပေ၏။ ရာစုနှစ်များစွာတုန်းက ချန်ရစ်ထားသည့် ထိုကျားကွက်အခင်းအားချူယွမ် ​ေလ့လာနေသည်ကို အဖော်ပြုပေးနေရင်း မနက်ဖြန်ကျ လိပ်ပြာသဘင်အစည်းအဝေးစတော့မည်ဖြစ်ကြောင်း သွမ့်ပိုင်ယွဲ့ တွေးပျော်မိသည်။ အကြောင်းမှာ ဤကျားကွက်အား နောက်နှစ်ရက်စာမျှ အတူလာလေ့လာခိုင်းလိုက်လျှင် မိမိမျက်လုံးများ ကန်းသွားနိုင်သောကြောင့်ဖြစ်၏။

ချူယွမ်က ကျားစေ့တစ်ခုကို ယူကာ ပြောလာသည်။

"အိပ်ငိုက်နေရင်လည်း သွားအိပ်တော့လေ"

သွမ့်ပိုင်ယွဲ့က လေးနက်တည်ကြည်စွာသာ ဆိုလာသည်။

"ဟင့်အင်း၊ မငိုက်ပါဘူး"

ချူယွမ်က သူ၏လေးတွဲ့နေသည့် မျက်ခွံများအား အပေါ်သို့ ပင့်တင်ပေးရင်း ရယ်ချင်လာမိသည်။

"တကယ်?"

သွမ့်ပိုင်ယွဲ့က ပြန်မဖြေတော့ဘဲ လူကို နမ်းရန် ပြင်လိုက်သည်။ ချူယွမ်ကမူ ထိုသူအား လက်ညှိုးလေးဖြင့် ထောက်ပြီး ဟန့်တားထားလိုက်သည်။

"မင်း ကျားကွက်ကစားနည်း သင်ထားချင်လား"

သွမ့်ပိုင်ယွဲ့မှာ အိပ်ချင်စိတ်ပင် ​ပျောက်သွားသည်။

လုံးဝ မသင်ချင်ပေါင်။

ချူယွမ်က ထိုလူကြီး၏ရင်ခွင်ထဲ မှီလိုက်ကာ ဆက်ဆိုလာခဲ့သည်။

"ဒါဆိုလည်း ကောင်းကောင်းထိုင်။ မဖွယ်မရာတွေ မလုပ်လိုက်နဲ့"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now