အခန်း - ၁၇၉ ( စစ်ပွဲပြီးဆုံးခြင်း၊ အဆုံးပိုင်း )

8.1K 1.7K 381
                                    

{ ကြီးမားသော အောင်ပွဲ }

ဤစစ်ပွဲမှာ အခြားစစ်ပွဲများထက် ပို၍ခက်ခဲပင်ပန်းကာ ရက်စက်ကြမ်းတမ်းလှသည်ဟု ဆိုနိုင်ပေသည်။အကြောင်းမှာ ရှင်းကျိုးတပ်သားများကလည်း နိုင်ငံတော်ကိုပုန်ကန်သောအမှု ကျူးလွန်ဖောက်ဖျက်ထားသည်မို့ မိမိတို့ဘက်မှ ရှုံးနိမ့်သွားလျှင် မည်သို့မည်ပုံဇာတ်သိမ်းရမည်ကို သေသေချာချာ သိထားပြီးသောကြောင့်ဖြစ်သည်။ သို့သော် အသက်ဇီဝိန်ကြွေတော့မတတ် တိုက်ခိုက်နေရသည့်တိုင် နောက်ဆုံးရလဒ္မှာ ​ဒုံရင်းဒုံရင်းသာဖြစ်မည်ဟု​ လုံးဝထင်မှတ်မထားခဲ့၊ ပို၍ပင် အဖြစ်ဆိုးစွာ သေကြေပျက်စီးနေရသေးသည်။

ရွှမ်မင်ဟန်ထျဲယ်ဓားဖြင့် ခုတ်ပိုင်းလိုက်တိုင်း လူများ၏အော်သံနှင့်အတူ မိုးယံထိတိုင်မြင့်မားသည့် ရေလှိုင်းများကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထိုအခါ ကြီးမားလှသော စစ်သင်္ဘောများကလည်း ထက်ခြမ်းကွဲကာ ပျက်စီးသွားကြပြီး ရွက်တိုင်ကလည်း ယိုင်နဲ့နဲ့ဖြစ်ကုန်၏။ထို့နောက် ပင်လယ်ရေပြင်ပေါ် ဗွမ်းခနဲလဲကျသွားရာ ပြေး၍မလွတ်သော တပ်သားများအား သမုဒ္ဒရာထဲ ရိုက်ချနစ်မြှုပ်လိုက်ပြီးသား ဖြစ်သွားစေသည်။ ကျန်သောသူများကလည်း လက်ထဲရှိ မိစ္ဆာသေတ္တာကို ကျစ်ကျစ်ပါအောင် ဖက်ထားကြကာ တုန်လှုပ်နေကြဆဲဖြစ်သည်။ တပ်မှူးဖြစ်သူကမူ နီရဲနေသော မျက်နှာကြီးဖြင့် အော်ပြောလာ၏။

"ကျွန်တော်တို့ဘက်က အညံ့ခံပါတယ်ခင်ဗျ၊ အညံ့ခံပါတယ်!!!!"

သွမ့်ပိုင်ယွဲ့က ရွှမ်မင်ဟန်ထျဲယ်ဓားကြီးကို လက်တစ်ဖက်တည်းဖြင့် စွဲကိုင်ထားသည်။ ပူနွေးနေဆဲဖြစ်သော သွေးများက ဓားသွားမှသည် ကြမ်းပြင်ထက်သို့ တစက်စက်ယိုစီးကျဆင်းနေလျက်။

စစ်ကုန်းလွီ့က သူ့ဘေးနားသို့ ရောက်လာကာ ပခုံးပုတ်လာသည်။

"အစ်ကိုသွမ့်၊ ဒီနေရာ ငါ ကြည့်ရှင်းလိုက်မယ်"

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လို်က်ကာ တစ်ဖက်သို့ လှည့်ထွက်သွား၏။ သူထွက်သွားတော့မှ ကျန်ခဲ့သော သူပုန်ရဲမက်များမှာ စိတ်သက်သာရာရသွားကြကာ တာ့ချူတပ်မှ လာရောက်ဖမ်းဆီးရန်ပင် မစောင့်တော့ဘဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အညံ့ခံလိုက်ကြလေသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now