အခန်း - ၁၇၄ ( နက်ရှိုင်းသော ပရိယာယ် )

7.4K 1.5K 273
                                    

{ တန်ပြန်အသုံးချဖို့ နည်းလမ်းရှာလိုက်လေ }

မိစ္ဆာသေတ္တာ၏ပထမဆုံးသော မူကြမ်းပုံစံတွင် ပထမအဆင့်၌ ငွေအပ်များနှင့် ကူပိုးကောင်များရှိသည်။ ချူရှိန့်လက်ထဲ သက်ဆင်းရောက်ရှိသွားသောအခါတွင်မူ အပ်များအစား လှံများအဖြစ်ပြောင်းလိုက်သည်မို့ ဇီဝိန်ခြွေနိုင်စွမ်း ပိုမိုကြီးမားလာသည်။ သို့သော် သံဖြင့်ပြုလုပ်ထားသော လှံထိပ်တွင် ကူပိုးကောင်များ ထည့်မထားနိုင်သဖြင့် လူကိုသာ သတ်ချင်သတ်နိုင်မည်ဖြစ်သည်၊ ပိုးကောင်မှတစ်ဆင့် ဦးနှောက်ကို စေခိုင်းပြီး ဘက်တော်သားအချင်းချင်း သတ်ဖြတ်စေရန် ပြုစား၍မရတော့။

ရွှဲဟွိုင်ယွဲ့ အမိန့်ပေးလိုက်သောအခါ အမည်းရောင်ရွှေပိုက်ကွန်ကြီးများဖြင့် သင်္ဘောများ၏ရှေ့တွင် ကာဆီးလိုက်ကြသည်။ ထိုအခါ ရောက်လာသောလှံများကို ကာဆီးပိတ်ပင်ထားနိုင်သကဲ့သို့ တာ့ချူဘက်ကလည်း မိစ္ဆာသေတ္တာထောင်ပေါင်းများစွာကို ဖွင့်သုံးလိုက်ကြပြီဖြစ်သည်။ အသွားတလက်လက်ရှိသော ဓားသွားများက မိုးပေါ်သို့ပျံသွားကြကာ ထိုမာတောင့်တောင့်အလောင်းကောင်များအား ထိုးဖောက်သွားကြသည်။ ထိုဖုတ်ကောင်များမှ အော်သံသဲ့သဲ့များလည်း မြည်တမ်းလာကြလို့၊  သို့သော် အရေအတွက်အနည်းငယ်သာ လဲကျသွားကြသည်။ ထို့နောက် ၎င်းတို့ဘက်ကလည်း မိစ္ဆာသေတ္တာများကို ဒုတိယအကြိမ် ဖွင့်ရန် ပြင်လိုက်ကြသည်။

ပိုက်ကွန်ဖြင့် တားဆီးထားသည်ဆိုသော်ငြား တာ့ချူဘက်မှ အသေအပျောက်အကျအဆုံးများနေသည်သာဖြစ်သည်။ ထိုအခြင်းအရာကို ရွှဲဟွိုင်ယွဲ့မြင်တော့ သင်္ဘောဦးထိပ်ရှိ အမိန့်ပေးမျှော်စင်ထက် တက်လိုက်ကာ အမိန့်ပေးလိုက်သည်။

"အရင်ပြန်ဆုတ်လာကြ!!!!!"

ကျိုယွင်ဟယ့်လည်း အော်​ေပြာလာ၏။

"အကုန်လုံးပဲ၊ ပြန်ဆုတ်လာကြ!!!!"

သူတို့အော်​ေပြာနေကြစဥ္မှာပင် ဒုတိယအကြိမ်ရွာသွန်းလာသည့် လှံမိုးများက လေကိုခွင်းပြီး ရောက်လာတော့သည်။ ရှန်ချန်းဖုန်းက လှေဦးထိပ်ကိုနင်းကာ ခုန်တက်လိုက်ပြီး အတွင်းအားများစုကာ သမုဒ္ရေပြင်ဆီ တွန်းပို့လိုက်၏။ ထိုအခါ အသံများကျယ်လောင်စွာ မြည်ဟီးသွားပြီး မိုးယံထိတိုင် မြင့်မားသော လှိုင်းလုံးကြီးများက နှစ်ဖက်စစ်တပ်ကြား တံတိုင်းအရံအတားအဖြစ် ခေတ္တခဏတားဆီးပေးလာ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now