အခန်း - ၁၉၀ - First Half

7.4K 1.4K 198
                                    

အခန်း - ၁၉၀  - ပထမပိုင်း -

​မြောင့်ရှင်းမှ ဘက်ပြောင်းသွားသည်ကို မြင်တော့ ထိုမိစ္ဆာဘုန်းကြီးများမှာ ပို၍ပင် ဒေါသထွက်သွားလေသည်။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား ဘေးကင်းလုံခြုံရာသို့ ခေါ်ဆောင်လာလိုက်၏။ ချိန့်လျဲ့လည်း တပ်ဖွဲ့ကိုဦးဆောင်ပြီးရောက်ရှိလာလေရာ ထိုလူသတ်သမားများအားလုံးအား ဖမ်းချုပ်ထားလိုက်ကြသည်။

မြောင့်ရှင်းက ထိုသူတို့၏ သိုင်းကွက်များနှင့် လွန်စွာမှ ရင်းနှီးကျွမ်းဝင်နေဟန်ရသည်။ ယဲ့ကျင်က အဝေးတစ်နေရာမှသည် ထိုအဖြစ်ကို အတန်ကြာရပ်ကြည့်နေပြီးနောက် မျက်နှာမဲ့ပြီးဆိုလာ၏။

"ပင်လယ်ထဲရောက်တုန်းကတောင် သူ ဒီလောက်ထိလက်စွမ်းပြတာ မတွေ့ဖူးပေါင်"

ဝမ်းလျိုနျဲန်က ဆို၏။

"သိုင်းလောကသားအများစုက ကိုယ့်လက်ဆကိုကိုယ် ထိန်းချုပ်ထားကြတာများပါတယ်၊ ဘေးဥပါဒ္ကျရောက်တဲ့အချိန်ကျမှ ထုတ်သုံးနိုင်ဖို့ပါ"

သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပင် ထိုလူသတ်သမားများအားလုံးကို ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့ပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာ လျို့ဝှက်အကြံအစည် ဖော်ထုတ်ခံလိုက်ရသဖြင့် လွန်စွာမှအရှက်ရသွားကာ ဒေါသတကြီး ရုန်းကန်နေခဲ့၏။ ထို့နောက် မြောင့်ရှင်းဘက် လှည့်ပြီး တစ်ခုခု ပြောလိုက်ဟန်ရသည်။ ထိုစဥ်မှာပင် အဆိပ်လူးထားသောလက်နက်တစ်ခုက သူ့အနောက်ဘက်မှထွက်ပေါ်လာကာ လည်တိုင်ထက်၌လည်း အေးစက်သည့်အထိအတွေ့တစ်ခု ခံစားလိုက်ရ၏။ ထို့နောက် အော်သံပင် မပြုနိုင်တော့ဘဲ ပါးစပ်အဟောင်းသားကြီးနှင့် လဲကျသွားလေသည်။

မြောင့်ရှင်းက သွမ့်ပိုင်ယွဲ့ကို ကြည့်လာ၏။ စောနက တင်းတင်းကျပ်ကျပ်ဆုပ်ထားသော လက်သီးမှာလည်း ပြန်လည်ပြေလျော့သွားကာ လက်ထဲကပုတီးလုံးများလည်း မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။

"သူတို့ကို ခေါ်ထုတ်သွား၊ ပြီးရင် သေချာစောင့်ကြည့်နေချေ။ ပြဿနာထပ်မတက်စေနဲ့"

ချူယွမ်က စိတ်ရှုပ်ထွေးနေသည့်အသံဖြင့်  ပြောလာသည်။

ချိန့်လျဲ့လည်း အမိန့်တော်ကို နာခံလိုက်ကာ လူသတ်သမားများကို ဖမ်းခေါ်ပြီး နန်းတွင်းအကျဥ္းထောင်ထဲ သွားထည့်ထားလိုက်သည်။ မြောင့်ရှင်းက စောနတိုက်ပွဲတွင် လက်မောင်း၌ ဒဏ်ရာရသွားသဖြင့် သွေးစိမ်းရှင်ရှင်စီးကျလာသည်။ သို့သော် ထိုနေရာတွင်သာ ရပ်နေခဲ့ကာ လုံးဝမရွှေ့ခဲ့ချေ။ ရဲမက်များက သူ့ကိုဝိုင်းထားလိုက်ကြသည်၊ တစ်ယောက်ချင်းစီ၏ လက်ထဲတွင်လည်း အသွားထက်သောဓားများ ကိုင်ထားကြလို့။ သို့သော် တစ်ဖက်လူက ရန်သူလော မိတ်ဆွေလော သေချာမသိရသဖြင့် ကမူးရှူးထိုး မတိုက်ရဲကြ။ ချူယွမ်ဘက်မှ အမိန့်ကိုသာ စောင့်ဆိုင်းနေကြသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now