အခန်း - ၁၆၁ ( ချစ်ခင်စုံမက်ခြင်း )

10.5K 1.7K 646
                                    

{ ယောက်ျားလို့ တစ်ခွန်းလောက်ခေါ်ကြည့်စမ်းပါ }

"ဘယ်လိုလဲ"

ချူယွမ်က ထရပ်လိုက်ကာ အပြင်မှပြန်လာသော သွမ့်ပိုင်ယွဲ့အား အပေါ်ဝတ်ရုံကူချွတ်ပေးလိုက်သည်။

သွမ့်ပိုင်ယွဲ့လည်း ဖြစ်ကြောင်းကုန်စင်ကို အကြမ်းဖျင်းမျှပြောပြလိုက်သည်။

"မိစ္ဆာလမ်းစဥ်ကျင့်တဲ့ ဘုန်းတော်ကြီး၊ ဟုတ်လား?"

ချူယွမ် မျက်နှာမဲ့သွားသည်။ မြောင့်ရှင်းနှင့် ဤဝေါဟာရအား မည်သို့သောနည်းလမ်းမျိုးနှင့်မျှ ဆက်စပ်ကြည့်၍မရပေ။

သွမ့်ပိုင်ယွဲ့က ချူယွမ်၏လက်ကို ဆုပ်ကိုင်လိုက်ကာ ထိုင်ခုံပေါ် သက်တောင့်သက်တာ ထိုင်လိုက်စေသည်။

"အဲ့ကျွန်းက ကျွန်းပျက်ကြီး၊ ပြီးတော့ အားချန်ပြောပြတဲ့အတိုင်းသာဆို မိစ္ဆာလမ်းစဥ်ကျင့်သုံးနေတာနဲ့မတူဘူး။ ဒေါသထွက်အောင် တစ်ယောက်ယောက်က ဆွလိုက်တာနဲ့ ပိုတူတယ်။ တစ်ခါတစ်လေ အဲ့ကိုယ်တော်ဆီမှာလည်း စိတ်ဖိစီးမှုတွေ များနေမယ်ထင်တယ်၊ ဒါကြောင့် ဖြေလျှော့ထုတ်လွှတ်စရာ နေရာတစ်ခုခုရှာလိုက်တာ နေမှာပေါ့  "

ချူယွမ်က နှေးကွေးလေးကန်စွာ ခေါင်းခါလာသည်။

"ငါလည်း မပြောတတ်တော့ဘူး။ အရင်တုန်းက သူ တရားဒေသနာရွတ်တာ နားထောင်ကြည့်တော့လည်း ဘယ်အရာကိုမှ မုန်းတီးတတ်တဲ့ပုံမပေါ်ပါဘူး။ ကိလေသာဝဲဂယက်အားလုံးကနေ လွတ်မြောက်နေတဲ့ပုံပဲ"

ခုတော့ ကျွန်းပျက်ကြီးပေါ်မှာ တစ်ယောက်တည်း ရူးသွပ်ဖောက်ပြန်နေတာတဲ့လား။

"ကိုယ့်တာဝန်ပဲထားပါ"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား ထရပ်စေလိုက်သည်။

"ဒီအချိန်ကြီးမှာ ဘာမှမတွေးနဲ့ဦး၊ အရင် အနားယူလိုက်တော့"

ချူယွမ်က ပြတင်းပေါက်အပြင်ဘက် လှမ်းကြည့်လိုက်ကာ သက်ပြင်းချလာ၏။

"ဟင်၊ ဒီအချိန်တောင် ရောက်သွားပြီတဲ့လား။ မင်းကို စောစောစီးစီး အနားယူဖို့ ပြောတဲ့လူက ငါဖြစ်နေပြီးတော့ ၊ အခု ခဏလေးအတွင်းမှာတင် လဝန်းကြီးတောင် ထိန်လင်းနေပြီ"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now