အပိုင်း - ၁၃၉ (ယွဲ့လော့ကြေးမုံ)

9.4K 1.5K 337
                                    

{သမုဒ္ဒရာစောင့်နတ်သမီး ချန်ထားခဲ့တဲ့ပစ္စည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ}

ညဥ့်သန်းခေါင်ယံ ကျော်လွန်သွားချေပြီ။

ကန့်လန့်ကာချထားသော သလွန်တော်ထက်ဝယ်ဖြစ်၏။

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ ချွေးစို့နေသော နဖူးပြင်ကို နမ်းရှိုက်လိုက်သည်။

"အရမ်းမောသွားပြီလား"

ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ သက်တောင့်သက်သာဖြစ်သလို အနေအထားပြောင်းလဲညှိယူလိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့် ဖြေလာ၏။

"အင်း ၊ မင်းရော မမောဘူးလား "

ထိုအမူအယာလေးကို သွမ့်ပိုင်ယွဲ့မြင်သွားတော့ တစ်ဖက်ကလည်း သနားကရုဏာသက်သွားကာ တစ်ဖက်ကမူ အင်မတန်မှ သဘောကျနှစ်ခြိုက်နေပေ၏။ သို့သော် နေ့ခင်းတုန်းက ချူယွမ် အရမ်းပင်ပန်းထားမှန်း သူ ကောင်းစွာသိထားသည်မို့ ဒီထက်ပိုပြီး ဘာမှထပ်မလုပ်ရဲတော့။ 

ထို့ကြောင့် ချူယွမ်၏ခန္ဓာကိုယ်အား ရေနွေးဖြင့် သန့်စင်ဆေးကြောပေးပြီးသွားသောအခါ ကုတင်ပေါ်ရှိ ထိုလူသားလေးကို ထုံးစံအတိုင်း မိမိရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ကာ ခါးကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။ သို့မှသာ မနက်မိုးသောက် ရောက်လာလျှင် နေရထိုင်ရ နည်းနည်းသက်သာမည်ဖြစ်၏။

ချူယွမ်မှာ သူ့ရင်ခွင်ထဲတွင် အိပ်မောကျနေရလျှင် ဘယ်တုန်းကမှ အပူအပင်အကြောင့်အကြ မရှိဖူးခဲ့။ သွမ့်ပိုင်ယွဲ့၏ အင်္ကျီစကို ခပ်ဖွဖွ ဆွဲကိုင်ထားရရုံဖြင့်ပင် မိုးလင်းသည်ထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီဖြစ်သည်။

*******

တပ်ရင်းများအားလုံးလည်း ပိုင်ရှန့်ပြည်မှ ဆုတ်ခွာလာခဲ့ပြီဖြစ်ကာ ရေလမ်းခရီးသည်လည်း ကြိုတင်စီစဥ်ထားသည့်အတိုင်း ဘာပြဿနာမှမဖြစ်တော့ဘဲ အဆင်ပြေချောမွေ့နေခဲ့သည်။ ပြဿနာတစ်ခုခုဖြစ်လာသည့်တိုင် ရွှဲဟွိုင်ယွဲ့နှင့် ရှန်ချန်းဖုန်းတို့နှစ်ယောက်နှင့်တင် ဒိုင်ခံဖြေရှင်းနိုင်သဖြင့် ၊ ဤမနက် ပြန်နိုးထလာသောအခါ ပတ်ဝန်းကျင်တစ်ခွင်မှာ ရှားရှားပါးပါးပင် ငြိမ်သက်အေးချမ်းနေပေသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now