အခန်း - ၁၅၄ ( ထင်မှတ်မထားသော အဖြစ်အပျက်)

7.4K 1.6K 357
                                    

{ ထင်းတုံးတွေသိမ်းတဲ့အခန်းမှာတောင် အိပ်ရမယ်မထင်}

ယဲ့ကျင် ရေရွတ်လာ၏။

"အဲ့တစ်ယောက်က ရူးများရူးသွားပြီလား၊ ထျဲန်းယင်းမြိုင်နန်းရဲ့ သခင်မလေးဖြစ်ပြီး အေးအေးဆေးဆေးမနေဘဲ ကိုယ့်ကိုယ်ကို ချောင်ပိတ်အောင် လုပ်တော့မလို့လား "

စစ်ကုန်းလွီ့ နားမလည်ချေ။

"သူ ဘာလုပ်ဖို့ကြံနေတာလဲ၊ ချူရှိန့်ဘက်ကလည်း သူ့လို အားနည်းချည့်နဲ့တဲ့မိန်းမတစ်ယောက်ကို ထိုးစစ်ဆင်ခိုင်းတဲ့အထိတော့ လူအင်အားမနည်းလောက်ဘူးမလား "

လီ့ချွေက လှေငယ်ပေါ် တစ်ယောက်တည်းစီးလာကာ အလတ်စားအရွယ် သင်္ဘောတစ်ရာကျော်မျှကို ဦးဆောင်ခေါ်ယူလာ၏။ လက်ထဲတွင်လည်း နီနီရဲရဲအလံတစ်ခုကို ကိုင်ထားသည်။ အတော်လေးနီးကပ်သော အကွာအဝေးရောက်တော့မှ အားလုံးက မူမမှန်ဖြစ်မှုကို မြင်ရတော့လေ၏။ ၎င်းမှာ တစ်ဖက်ရန်သူစစ်သင်္ဘောပေါ်ရှိ လူများ၏ မျက်နှာကြီးမှာ တည်နေကြကာ ခံစားချက်သေဆုံးနေကြသည်၊ လှုပ်ရှားမှုကလည်း တောင့်တောင့်ခဲခဲကြီးဖြစ်နေ၏။ ကျင်းထဲမှ တွယ်တက်လာသော အလောင်းကောင်များနှင့်ပင် ဆင်တူနေသည်။

သွမ့်ယောင်က ဆို၏။

"လက်စသတ်တော့ ကူပိုးကောင်တွေ ထည့်ထားလို့ လမ်းပြတဲ့လူလိုနေတာကိုး၊ မဟုတ်ရင် တကယ်ချကြတဲ့အချိန် ချဖော်ချဖက်တောင် သူတို့ဘာသာသူတို့ ရှာတွေ့မှာမဟုတ်ဘူး"

သူတို့စကားပြောနေကြချိန် တစ်ဖက်ရန်သူ၏စစ်သင်္ဘောများက ပို၍အရှိန်ပြင်းစွာ ရောက်လာကြသည်။ ပုံမှန်အချိန်များတွင်လည်း ထိုအကောင်တို့က တာ့ချူတပ်သားဝတ်စုံဝတ်ထားသော ကောက်ရိုးရုပ်များကိုသာ ခုတ်ပိုင်းခဲ့ရသဖြင့် ယခု တစ်ဖက်ရန်သူက မည်သူဖြစ်မှန်း တွေ့လိုက်ရတော့ သွေးညှီနံ့ရသော ယင်ကောင်များပမာ ပျော်ရွှင်သွားကြကာ တဟားဟားရယ်မောလာပြီး သူ့ထက်ငါအပြိုင် ချီတက်လာကြရာ လမ်းပြမည့်အလံတောင် မလိုတော့။ လီ့ချွေစီးလာသော လှေငယ်လေးမှာ လေ​နှင်ရာအတိုင်း လွင့်သွားသော သစ်ရွယ်ငယ်လေးပမာ ဘေးနားရှိသင်္ဘောများ၏ ဘေးမှဝင်တိုက်ခြင်းကို အလူးအလှိမ့်ခံလိုက်ရပြီး ပင်လယ်ရေလှိုင်း၏ ပုတ်ခတ်မှုဒဏ်ကြောင့်ပင် လှေငယ်လေးက စုန်းစုန်းမြှုပ်သွားတော့သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now