အခန်း - ၁၄၄ ( ပုံရိပ်ယောင် )

7.5K 1.5K 388
                                    

[ တစ်ကိုယ်လုံး အမွေးတွေချည်းပဲ]

ဧရာမလှိုင်းလုံးကြီးများမှာ မိုးကောင်းကင်အား ထိကပ်တော့မတတ် မြင့်မားနေ၏။  ကောင်းကင်ပေါ်ရှိ တိမ်မည်းအလိပ်လိုက်ကြီးနှင့် တစ်သားတည်းဖြစ်လုမတတ်ပါ ဖြစ်နေကာ အရာရာတိုင်းကို ဝါးမျိုစားသောက်သွား တော့မည့်အလားပင်။ ချူယွမ်၏ နှလုံးအိမ်မှာ ခြေမျက်စိသို့တိုင် ပြုတ်ကျသွားသည့်အလား ပူပန်သောကရောက်နေရသည်။ ထို့နောက် မိုးကြိုးထစ်ချုန်းသံများ ကျယ်လောင်စွာ မြည်ဟီးလာကာ မြူခိုးထုများကို ပေါက်ကွဲလွင့်ပြယ်သွားစေသည်။

****

ဝမ်းလျိုနျဲန်က ယဲ့ကျင်အား မေးလာ၏။

"တောင်သခင်၊ ကျွန်တော်မျိုးကို အရှင်မင်းမြတ် ဆင့်ခေါ်လိုက်တာလားခင်ဗျာ"

"ဟင့်အင်း၊ အရှင်မင်းမြတ်ဘက်က ဘာမှမမိန့်ဆိုပါဘူး။ အမတ်မင်းကို ကျွန်တော် လာမေးချင်တာလေးရှိလို့ပါ။ ဒီလောက်လှိုင်းလေပြင်းထန်နေတာဆိုတော့ ရဲမက်တွေကိုလွှတ်ပြီး သူတို့ကို ပြန်သွားခေါ်လိုင်းရတော့မလား"

ဝမ်းလျိုနျဲန်က တစ်ဖက်သို့လှည့်ကာ ထိုကျွန်းဘက်သို့ လှည့်ကြည့်လာ၏။

"ဒီလိုမျိုးကြောက်စရာကောင်းတဲ့ လှိုင်းလေမုန်တိုင်းတွေ ဖြစ်နေတာဟာ ယန္တရားကြီး မပျက်စီးသေးလို့ပါ၊ ခုချိန် မြူခိုးထုကလည်း မပြယ်သေးဘူးဆိုတော့ တပ်မကြီးပါ လိုက်ဝင်သွားရင် ဘေးသင့်ပါလိမ့်မယ်"

"ဒါပေမယ့် - "

ယဲ့ကျင် တစ်ခုခုပြောချင်နေသော်လည်း ထိုစကားများကို ပြန်မျိုသိပ်ထားလိုက်ရသည်။ ယခုလိုမျိုး မြေပြင်သာမက ကောင်းကင်ကပါ ပြိုကျလာရအောင် ဆိုးရွားနေသည်ကို ထိုကျွန်းပေါ်ရောက်နေသည့် ထိုနှစ်ယောက်မဆိုထားနှင့်၊ သင်္ဘောပေါ် ရှိနေသောသူများပင်ကြောက်ရွံ့တုန်လှုပ်နေကြလေပြီ။ ထိုနှစ်ယောက်ကတော့ သေချာပေါက်ပင် မိုးကြိုးလျှပ်စီးများကြား ရုန်းကန်တိုက်ခိုက်နေရမည်မှာ သေချာသည်။

အစတုန်းက ဝမ်းလျိုနျဲန်လည်း စကားအနည်းငယ်ပြောကာ ယဲ့ကျင်အား နှစ်သိမ့်မည်အလုပ်၊ မိုးကောင်းကင်တစ်ခွင်လုံးတွင် အနီရောင်အလင်းတန်းများ လင်းထိန်သွား၏။ ထို့နောက် ပင်လယ်အောက်မှသည် အော်ညည်းသံများ ထွက်လာကာ မုန်တိုင်းလေပွေများ ရိုက်ခတ်လာပြီး ပင်လယ်ရေနှင့် ကျောက်ဆောင်အပိုင်းအစများကို သယ်ဆောင်ကာ အရှိန်အဟုန်ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now