အခန်း - ၁၆၉ ( မျှော်မှန်းထားသည်ထက် ရရှိလာသော အကျိုးရလဒ် )

6.9K 1.5K 289
                                    

{ ဆေးမင်ကြောင်က ဆွေမျိုးတွေ့ဆုံပွဲဆီ ဦးတည်ခေါ်ဆောင်သွားတယ် }

နောက်တစ်နေ့ နေ့လယ်ခင်းတွင်ဖြစ်သည်။

ချူယွမ်က သင်္ဘောခေါင်မိုးထပ်ပေါ်တွင် ရပ်ကာ အဝေးသို့ငေးမောကြည့်ရှုနေ၏။ ယဲ့ကျင်က သူ့နောက်တွင်ရှိနေကာ စကားစလာသည်။

"နောက်တစ်ရက်နေမှ စစ်မြေပြင်ဆီကနေ သတင်းစကားကြားရမယ်ထင်တယ်"

"အင်း၊ ဒီစကားကို ရှစ်ဖူးနန်လည်း တစ်ခေါက်လာပြောပြီးသွားပြီ။ အဘိုးမုချီလည်း  တစ်ခေါက်လာပြောပြီးသွားပြီ။ အခု မင်းလည်း ထပ်​လာပြောပြန်ပြီ။ မင်းတို့တွေ ကြိုတင်တိုင်ပင်ထားကြတာမလား"

"ဘာကို ကြိုတင်တိုင်ပင်ထားတာတုန်း"

ယဲ့ကျင်က တစ်ဖက်လူဘေးနားရှိ လက်ရန်းပေါ်မှီလိုက်ကာ နှုတ်ခမ်းတဆူဆူနှင့်ပြောလာ၏။

"လူတိုင်းက ခင်ဗျားကို စိတ်ပူကြလို့လေ"

ချူယွမ် ပြုံးလိုက်သည်။

"ကိုယ်တော်မြတ်က ဧကရာဇ်နော်၊ ချစ်ရတဲ့လူကို မတွေ့မမြင်ရရုံနဲ့ စားမဝင်အိပ်မပျော်ဖြစ်ရအောင် ယွဲ့လော်မှမဟုတ်ဘဲ ။ အခုအပြင်ထွက်လာတာ လေကောင်းလေသန့်လာရှူဖို့ပါ၊ ခဏနေ ပြန်ဝင်သွားတော့မယ်"

"ဘာကို ချစ်ရတဲ့လူလဲ!!!!!"

ယဲ့ကျင်က မိမိနောင်တော်အား စိတ်ဆိုးမာန်ဆိုးကြည့်လာ၏။

ဒီလိုကိစ္စမျိုးကို ဒီလိုကြီး ပေါ့ပေါ့ဆဆ ထုတ်ပြောလို့မရဘူးလေ။ အဲ့ကောင်က တာ့ချူတစ်ပြည်လုံးရှေ့မှာ ခင်ဗျားကိုချစ်တဲ့အကြောင်း ​မကြေညာပြရသေးဘူး။ ခင်ဗျားလည်း ဆင်ခြင်မယ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ရင်းနှီးကြတာမှမဟုတ်တာ၊ ဘယ်အချိန်မှာမဆို ခွဲခွာနိုင်ကြတာပဲလေ။

ချူယွမ်က တည်ငြိမ်အေးချမ်းသောအသွင်ဖြင့်သာ အဝေးသို့ငေးမျှော်ကြည့်နေ၏။ သို့သော် လည်တိုင်လေးက ရှက်သွေးများကြောင့် နီရဲလာလို့၊ မျက်ဝန်းများထဲရှိ အပြုံးရိပ်များကိုလည်း သိမ်းဆည်းထားလို့ မရနိုင်ခဲ့ချေ။

ယဲ့ကျင်မှာ လွန်စွာမှ အငြိုးကြီးလာသည်။

သရဲပူးနေသလိုဖြစ်နေတဲ့ ခင်ဗျားရဲ့ရုပ်ကိုလည်း ကြည့်ဦး။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now