အခန်း - ၁၄၉ ( နူးညံ့နွေးထွေးသော ချစ်ခြင်းအကြင်နာ )

8.5K 1.6K 455
                                    

[ ဂိုဏ်းချုပ်ချင်လည်း ဘာမှအားကျစရာ မရှိပါဘူး]

ထိုနှစ်ယောက် ရောက်လာသည့်အချိန်အထိ ယဲ့ကျင်က သွမ့်ပိုင်ယွဲ့ပြန်စီးလာခဲ့သော လှေငယ်အပါအဝင် ရှန်ချန်းဖုန်းယူလာပေးသော ပျဥ်ချပ်ကြီးကို လေ့လာနေခဲ့သည်။ ဝမ်းလျိုနျဲန်ကမူ ပိုက်ကွန်အတွင်းတွင်ရှိသော ငါးနှစ်ကောင်ကို တုတ်ချောင်းဖြင့် ဟိုဟိုဒီဒီ လိုက်ထိုးနေသည်။ ၎င်းတို့မှာ သေအံ့မူးမူးဖြစ်နေသည့်နှယ် ၊ သို့တည်းမဟုတ် အသက်မရှိကြတော့သည့်အလား ရေထဲတွင် ရှိနေဆဲဖြစ်၏။

"အရှင်မင်းမြတ်၊ ရှီးနန်ဝမ်"

ရှန်ချန်းဖုန်းက တံခါးဝတွင်ရပ်ကာ နှုတ်ဆက်လာ၏။

"ရှောင်ကျင်နဲ့ အမတ်မင်းဝမ်းတို့ စစ်ဆေးလေ့လာနေဆဲပါဘုရား၊ ခုလောလောဆယ်တော့ ဘာမှမတွေ့ရသေးကြောင်းပါ"

"ပင်ပန်းသွားပါပြီ"

ချူယွမ်က အခန်းထဲဝင်သွားလိုက်သည်။

"အရမ်းပင်ပန်းနေကြရင်လည်း စောစောစီးစီးအနားယူကြဦး။ နည်းနည်းလောက်အိပ်လိုက်ရင် ခေါင်းနည်းနည်းပိုပြီးကြည်လင်လာလိမ့်မယ်"

ယဲ့ကျင်က ပြန်ပြောလာ၏။

"ဒီပျဥ္ချပ်ကြီးက တခြားသစ်သားထက်အရောင်ပိုမည်းနေတာပဲ တွေ့ရတယ်၊ ဒါက ရေထဲ အကြာကြီးစိမ်နေလို့လည်း ဖြစ်နိုင်တာပဲ။ လေဒဏ်နေဒဏ်ကလည်း ခံခဲ့ရသေးတယ်။ အနံ့ခံကြည့်လိုက်တော့လည်း ရေငန်ငါးတွေရဲ့ အညှီနံ့ပဲရတယ်။ ဘယ်ဆေးအမျိုးအစားလဲဆိုတာ လုံးဝခွဲရခက်တယ် "

"အဲ့ဒီ ထူးဆန်းတဲ့ငါးတွေကရော"

ဝမ်းလျိုနျဲန်က ဖြေ၏။

"မှန်ပါ့၊ ဒီငါးတွေအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ကြောင်းပါဘုရား။ ဒါပေမယ့် ပင်လယ်ကြမ်းပြင်အောက်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုးစုံ ရှိနေပြီးသားမို့ ကျွန်တော်မျိုးတို့ မမြင်ဖူးတာကလည်း မထူးဆန်းပါဘူး။ ဒီငါးကြီးရဲ့ ပါးစပ်ထဲမှာ ချွန်မြနေတဲ့သွားတွေ အတန်းဆယ်တန်းလောက်ရှိပါတယ်။ သာမန်အထူလောက်ရှိတဲ့ သစ်သားပြားတွေကို အေးအေးဆေးဆေး ထုတ်ချင်းပေါက် ကိုက်စားနိုင်တယ်။ ဘာအဆိပ်မှ မရှိပေမယ့် အရမ်းကို ရူးသွပ်သောင်းကျန်းတတ်ပါတယ် "

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now