အခန်း - ၁၈၉ ( ရှစ်ဖူး )

8.8K 1.4K 378
                                    

အခန်း - ၁၈၉ ( ရှစ်ဖူး )

{ ရာသီဥတု ဒီလောက်ပူနေတာကို ဘာလို့ ခေါင်းကြီးအုပ်ပြီး အိမ်ကထွက်လာတဲ့လူ ရှိသေးတာလဲ }

ယနေ့ နေ့လယ်ခင်းတွင်။

ရှစ်ဇီက အားလပ်ချိန် မရရအောင်ရှာကာ စစ်ကုန်းလွီ့တို့၏ ပိုးထည်ဆိုင်ထိ သွမ့်ပိုင်ယွဲ့နောက် လိုက်သွားလိုက်သည်။ မျက်နှာထက်တွင်လည်း စိုးရိမ်မှုများ သမ်းနေခဲ့လျက် ..... ဤနှစ်ရက်သုံးရက်တွင် အရှင်မင်းမြတ် မည်သို့ဖြစ်နေမှန်းမသိရကြောင်း၊ စိတ်နှင့်ကိုယ်နှင့် ကပ်တော်မူဟန်မရကြောင်း သွမ့်ပိုင်ယွဲ့အား ပြောပြလာ၏။

သွမ့်ပိုင်ယွဲ့က ထိုသို့ကြားသောအခါ ပြုံးလိုက်ကာ ဆို၏။

"ဘာအကြောင်း​ေကြာင့်မှ မဟုတ်လောက်ပါဘူး၊ ကုန်းကုန်း မ​စိုးရိမ်လိုက်ပါနဲ့"

ဘာမှမဖြစ်မှာ တကယ်သေချာလားဟင်....

ရှစ်ဇီကမူ စိတ်များ လေးလံနေဆဲ။

ညီလာခံရုတ်သိမ်းပြီးကတည်းက ယခုထက်ထိ ပွဲတော်လည်းမတည်ဘဲ တော်ဝင်စာကြည့်ဆောင်သို့သာ ချက်ချင်းသွားခဲ့သည်။ စောန ထပ်မေးကြည့်လိုက်သောအခါတွင်လည်း နေ့လယ်စာပင် မသုံးဆောင်ရသေးဟု ဆိုပြန်၏။ သို့ဆိုလျှင် မည်သို့မည်ပုံ လုပ်ရပါအံ့နည်း ။

"ခဏနေကျ ပန်ဝမ် နန်းတော်ပြန်လာတော့မှာပါ"

ထိုခါမှ ရှစ်ဇီက စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းချလိုက်သည်။ ဝဝလုံးလုံး ကုန်းကုန်းကြီး ပြန်သွားသည်ထိ စောင့်ပြီးခါမှ စစ်ကုန်းလွီ့က အမြန်ပင် ခေါင်းရှောင်လိုက်သည်။

"ငါ မင်းကိုခေါ်ထားတာ ဘယ်နှစ်ရက်မှ မရှိသေးပါဘူး"

ဘာလို့ အရှင်မင်းမြတ်က မင်းကို သတိရလွန်းလို့ ထမင်းမစားရေမသောက်ဘဲနဲ့တောင် ဖြစ်နေရတာလဲ။

သွမ့်ပိုင်ယွဲ့က လက်ဖက်ရည်ကရားကို ယူလိုက်သည်။ သို့သော် ငှဲ့တောင် ငှဲ့မချရသေး၊ စစ်ကုန်းလွီ့က သူ့လက်ထဲမှ ကရားကို လုယူလိုက်ကာ အမြန်လောဆော်လာ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now