အခန်း - ၁၄၇ ( စစ်မျက်နှာဖွင့်ခြင်း )

7.8K 1.5K 565
                                    

[ မင်းလို ကြက်မွေးတံနဲ့ တစ်စက်မှမဆိုင်ဘူး ]

ခဏကြာသောအခါ မြောင့်ရှင်းနှင့်စစ်ကုန်းလွီ့တို့လည်း ခန်းမကြီးထဲ ရောက်လာခဲ့သည်။ ရွှဲဟွိုင်ယွဲ့က သူတို့နှစ်ယောက်အား ထူးဆန်းသောတိမ်မည်းကြီးအပါအဝင် စစ်ရေးအခြေအနေအကြောင်းကို အကြမ်းဖျဥ်း ပြောပြလိုက်သည်။

ချူယွမ်က အမေးတော်ရှိလာ၏။

"အဲ့ဒီတိမ်မည်းကြီးအကြောင်းကို အရှင်ဘုရား သိထားဖူးသလား"

မြောင့်ရှင်းက ခေါင်းခါပြသည်။

"မသိဖူးကြောင်းပါ၊ ဒကာတော်မင်းမြတ်"

စစ်ကုန်းလွီ့က ချောင်းဟန့်လိုက်သည်။

"အဟမ်း၊ အဟမ်း.... တစ်ခါတစ်လေ အစ်ကိုသွမ့်သိချင်သိနေနိုင်လောက်ပါတယ်ဘုရား"

သွမ့်ပိုင်ယွဲ့က စစ်ကုန်းလွီ့အား နားမလည်စွာ ကြည့်လာသည်။

အေး၊ တော်တော်သိနေတာဟေ့....

စစ်ကုန်းလွီ့ကမူ မေတ္တာစေတနာပြည့်ဝစွာပင် တစ်ဆင့်ချင်းစီ ရှင်းပြလာသည်။

"ရှီးနန်စံအိမ်တော်မှာ အဆိပ်ရှိသတ္တဝါတွေ မနည်းမနောရှိနေပါတယ်၊ ငွေဒင်္ဂါးကောင်ဆိုတာလည်း အဲ့ထဲအပါအဝင်ပါ"

ချူယွမ်က မေးလာ၏။

"ယူလာခဲ့သေးလား၊ ဘယ်လိုရုပ်မျိုးလဲ"

သွမ့်ယောင်က ခေါင်းခါလိုက်သည်။

"ယူမလာပါဘူးဘုရား၊ ရှာရခက်တဲ့ဟာလည်းမဟုတ်ဘူး၊ ပြီးတော့ ဘာအကျိုးမှလည်းမရှိဘူး။ ဟိုးလက်ဖက်ရည်ခွက်လောက်ကြီးတဲ့ အရွယ်လောက်နဲ့၊ အတောင်ပံလည်းပါ အခွံလည်းမာတဲ့ အမည်းရောင်အကောင်ကြီးပါပဲဘုရား"

ဝမ်းလျိုနျဲန်၏ အမြင်အာရုံများ ပြာဝေသွား၏။ ကျောပြင်တစ်ခုလုံး ကြက်သီးမွေးညှင်းထလို့။

ဘယ်လောက်လောက် ကြီးတာ....

ကျောက်ယွဲ့က လက်လှမ်းကာ ဝမ်းလျိုနျဲန်ပခုံးအား ဖက်ထားလိုက်သည်။ သွမ့်ယောင်ကမူ နားမလည်လိုက်ချေ။

"အမတ်မင်း ဘာဖြစ်သွားတာလဲဗျ"

ယဲ့ကျင်က အသံနှိမ့်ကာရှင်းပြလာသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now