အခန်း - ၁၇၈ ( စစ်ပွဲပြီးဆုံးခြင်း၊ အလယ်ပိုင်း )

6.6K 1.5K 406
                                    

{ မိစ္ဆာဓား ပြန်လည်နိုးထလာခြင်း }

ထိုအခြင်းအရာများအားလုံးမှာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဖြစ်ပျက်သွားသောကြောင့် မြင်လိုက်ရသောသူများအဖို့ အချိန်ခဏရပ်တန့်သွားသလိုပင်။

သွမ့်ပိုင်ယွဲ့၏လက်များမှာ ချွေးစေးများဖြင့် အေးစက်သွား၏။ ခေါင်းထဲတွင်လည်း ဗလာကျင်းသွားကာ ခန္ဓာကိုယ်ကလည်း စိတ်စေရာအတိုင်း အလိုလိုလှုပ်ရှားသွားပြီး ချူယွမ်ဆီ အပြေးရောက်လာကာ ခန္ဓာကိုယ်အား ပွေ့ပိုက်ထားလိုက်၏။

ပူနွေးနေဆဲဖြစ်သော သွေးစီးကြောင်းများက ရွှမ်မင်ဟန်ထျဲယ်ဓားမှတစ်ဆင့် သင်္ဘောကြမ်းပြင်ပေါ်သို့ တစက်စက်ယိုစီးကျဆင်းလာလျက်။

သွမ့်ပိုင်ယွဲ့က ဟေးယား၏ ထိုလက်တစ်ဖက်နှင့်အတူ လက်စွဲတော်ဓားကို ရိုက်ထုတ်ပစ်လိုက်သည်။ သို့သော် သေချာကြည့်ရှုလိုက်သောအခါ ထိုလက်ကြီးက ထောင်ပေါင်းများစွာသော ပိုးဖလံကောင်များဖြင့် အုံဖွဲ့စုစည်းထားခြင်း​သာဖြစ်ကြောင်း တွေ့လိုက်ရပေသည်။

"ရှောင်ယွမ်"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏လက်ကို ဆုပ်ကိုင်ထားမိသည်။ သတိစိတ်လည်း မကပ်အားတော့၊ အသိဉာဏ်များကလည်း မမြဲမြံတော့။

ချူယွမ်မျက်မှောင်များ အနည်းငယ်ကြုတ်သွားသည်။ သွေးစက်များက ရွှေရောင်လွှမ်းသော ဝတ်လဲတော်ထက် တစ်ဝက်မျှ စွန်းထင်းပေကျံသွားပြီဖြစ်၏။ အားအင်ဖျော့တော့နေသော လက်တစ်ဖက်က သွမ့်ပိုင်ယွဲ့၏လက်အား ယှက်နွယ်ဆုပ်ကိုင်လာသည်။

ယဲ့ကျင်က ဒူးထောက်ပြီး ချူယွမ်အား စမ်းသပ်စစ်ဆေးကြည့်လိုက်ကာ ဆေးအိတ်ကို ကပျာကယာဖွင့်လိုက်သည်။ ထို့အပြင် ဒီတစ်ခေါက်တော့ လုံးဝအမှားအယွင်းဖြစ်၍မရဟုလည်း သူ့ကိုယ်သူ သတိပေးနေရသည်။

"ဒီမှာ အရင်လှဲနေ၊ မလှုပ်လိုက်နဲ့ "

ဘေးနားတွင်လည်း လူသံသူသံများ ဆူညံပွက်လောရိုက်နေဆဲဖြစ်သည်။ အခြားသူများနှင့်စာလျှင် ယခုအချိန်တွင် ရှစ်ဇီက စိတ်အငြိမ်ဆုံးလိုဖြစ်နေကာ - အရှင်မင်းမြတ်အတွက် ရေနွေးသွားကျိုပေးရန်၊ ချူယွမ်အတွက် သလွန်တော်နှင့် ခန်းစီးစများယူဆောင်လာပေးရန် အ​ြမန်ညွှန်ကြားခန့်ခွဲနေပေသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now