အခန်း - ၁၇၁ ( အရှင်ဘုရား၊ မင်္ဂလာပါ )

9.6K 1.7K 487
                                    

{ ကျွန်တော်တို့နန်းဆောင်သခင် လက်ထပ်တုန်းကရော အရှင်ဘုရားက လက်ဖွဲ့လာပေးလို့လား }

မနက်အစောပိုင်း ချူယွမ်နိုးလာတော့ သွမ့်ပိုင်ယွဲ့က အိပ်မောကျနေဆဲဖြစ်သည်။မျက်နှာပေါ်တွင်လည်း နွမ်းလျမှုများ ကျန်နေဆဲ။ လက်ပေါ်တွင်လည်း ဒဏ်ရာအသစ်များ ထပ်ရလာပြန်လို့။ စစ်တိုက်နေရင်း ဓားချက်ထပ်မိလာပြန်ပြီဖြစ်ရမည်။

တံခါးဝတွင်ရှိနေသော ရှစ်ဇီက အထဲသို့ ချောင်းကြည့်လာသည်။ သလွန်ထက်မှသည် ချူယွမ်ဆင်းလာမည့် အရိပ်အယောင်ကို မတွေ့ရတော့ တံခါးကို ခပ်ဖွဖွပြန်ပိတ်လိုက်ကာ နောက်ပြန်ဆုတ်လိုက်ပြီး တံခါးကိုသာ ဆက်စောင့်နေလိုက်သည်။

သွမ့်ပိုင်ယွဲ့မျက်လုံးများ ပွင့်လာ၏။

"ဟင်၊ မိုးလင်းပြီလား?"

ချူယွမ်က သူ့နဖူးထက်အား လက်တစ်ဖက်တင်လိုက်ကာ ဆို၏။

"တစ်ရေးလောက် ဆက်အိပ်လိုက်ပါဦး။ ခုမှ စစ်တိုက်လို့နိုင်လာတာ၊ တခြားကိစ္စတွေထဲ ဝင်မရှုပ်သေးနဲ့ဦး"

"မင်းရော?"

ချူယွမ်က ပြုံးလိုက်ကာ တိုးလျစွာပြောလာ၏။

"မင်းနဲ့ အဖော်နေပေးမှာ၊ ဘယ်မှ မသွားတော့ဘူး။ မျက်လုံးမှိတ်လိုက်တော့နော်"

သွမ့်ပိုင်ယွဲ့လည်း ကျိုးနွံစွာ နာခံလိုက်သည်။

ချူယွမ်က သူ့လက်များကို ကိုင်ထားလိုက်ကာ ဘေးနားတွင် ဆက်လှဲနေ၏။ အိပ်ချင်စိတ် မရှိတော့သော်လည်း သလွန်တော်ထက်မှ မဆင်းချင်သေး။ ယခုလိုမျိုး လျှောက်တွေးနေရသည်က အတော်လေးကောင်းလှသည်ဟု ထင်နေမိ၏။ ရှစ်ဇီလည်း ကိုယ်ရံတော်များကို လက်ယပ်ပြီး နှင်ထုတ်ထားကာ အနှောင့်အယှက်ဖြစ်နိုင်မည့် အသံများကို ဝေးဝေးပို့ထားလိုက်သည်။ သို့မှသာ ထိုနှစ်ယောက်သား ငြိမ်သက်အေးချမ်းစွာ အနားယူနိုင်မည်ဖြစ်၏။ ယခုတော့ အဝေးမှ လွင့်ပျံ့လာသော လှိုင်းသံများသာရှိနေလို့။
.
.
.

နေ့ခင်းအချိန်ရောက်ပေပြီ။

သွမ့်ပိုင်ယွဲ့က လူကို ဆွဲသွင်းပွေ့ဖက်ထားလိုက်ကာ နှစ်ထောင်းအားရဖြစ်စွာပြောလာ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now