အချပ်ပို - ၂ : ၁ ( လိပ်ပြာသဘင် အစည်းအဝေး )

6.5K 1K 129
                                    

အချပ်ပို - ၂ : ၁ ( လိပ်ပြာသဘင် အစည်းအဝေး )

{ ရှင် လက်ထပ်ပြီးပြီလား }

{ တာ့ချူဧကရီရဲ့ အကြံအစည်ကို ဖျက်ဆီးချင်တဲ့လူ ရှိနေသတဲ့ }

မှတ်ချက် ။    ။ လက်ထပ်ပွဲအပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။

.
.
.

ရွှေမြို့တော်၏ တတိယမြောက်လတွင် တစ်ညပတ်လုံး မိုးစက်များ ရွာသွန်းလာလျက်၊ ဖူးထွက်လာစ မိုးမခဖူးလေးများအား စိုလဲ့စိမ်းလန်းသွားအောင် တိတ်ဆိတ်ငြိမ်သက်စွာ ဖြန်းပက်ပေးနေသည်။ ဘေးပတ်ဝန်းကျင်တစ်ခွင်တွင်လည်း ဂီတသံစဥ်များ ကင်းမဲ့နေ၏။

တော်ဝင်စာကြည့်ဆောင်ထဲတွင် ရှစ်ဇီက သတိကြီးစွာထားပြီး နှိုင်းနှိုင်းဆဆ လျှောင်တင်လာသည်။

"အရှင်မင်းမြတ်၊ ပွဲတော်တည်သင့်နေပြီဘုရား "

ချူယွမ်က အစီရင်ခံစာကို ချလိုက်ကာ နားထင်ကို နှိပ်နယ်လိုက်၏။

"ဝမ်ရယ် ပြန်လာပြီလား"

"ပြန်မလာသေးကြောင်းပါဘုရား"

"....."

ရှစ်ဇီကုန်းကုန်း ခန့်မှန်းကြည့်လိုက်သည်။

"ဝမ်ရယ်လည်း နန်းတော်အပြင်ဘက်မှာ ဖြေရှင်းစရာကိစ္စလေးတွေ ရှိနေဦးမယ်ထင်ပါတယ်ဘုရား"

သိုင်းလောက,က သူငယ်ချင်းကို အပြင်ထွက်တွေ့တာ ဒီလောက်တောင်ကြာရသလား။

ချူယွမ်က မိုးကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

မိုးက ပိုသည်းလာမည့်ပုံပင်။

ရှစ်ဇီက ချင့်ချင့်ချိန်ချိန်တွေးပြီး မေးကြည့်လာသည်။

"လူလွှတ်ပြီး ဝမ်ရယ်ကို ပြန်သွားခေါ်ခိုင်းလိုက်ရမလားဘုရား"

ချူယွမ် လက်ဝှေ့ယမ်းပြလိုက်သည်။

"မလိုဘူး၊ မိုးအရမ်းသည်းနေလို့ ကျင်သွမ့်ဆိုင်မှာ သွားနားနေတာထင်တယ်"

ပြော၍ပင်မဆုံးသေး၊ ရှီးနန်တပ်သားတစ်ယောက် ရောက်လာကာ ယနေ့ညလည်း ဝမ်ရယ်က ဆောင်ရွက်စရာအလုပ်ကိစ္စ ရှိနေသေး​သဖြင့် နန်းတော်သို့ မနက်ဖြန်မှ ပြန်လာနိုင်မည်ဖြစ်ကြောင်း ​လျှောက်တင်လာ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now