အခန်း - ၁၄၀ (လျှို့ဝှက်နက်နဲသောကိစ္စ)

8.4K 1.7K 562
                                    

{ ပန်ဝမ်အပိုင်လူသားမို့ မင်း နည်းနည်းလေးလောက်ကြည့်ချင်တယ်ဆိုရင်တောင် လုံးဝကြည့်ခွင့်မပြုနိုင်ဘူး }

သင်္ဘောဝမ်းခန်းတွင်း၌ အစီရင်ခံစာများ ဖတ်ရှုဝေဖန်ပြီးသွားသည့်အထိ သွမ့်ပိုင်ယွဲ့ပြန်မလာသေးသည်ကို သိလိုက်သောအခါ ချူယွမ်မှာ မျက်နှာလေးရှုံ့ကာမဲ့ကာနှင့် အခန်းတွင်းမှ ပြန်ထွက်လာခဲ့၏။ ဘာတွေများဖြစ်ပျက်နေပါသနည်းဟု လာကြည့်ရန်အလုပ်၊ ရှစ်ဇီ၏ ကြားဖြတ်တားဆီးလာခြင်းကို ခံလိုက်ရသည်။

ဝမ်ရယ်ဘက်က စောနလေးတင် လူလွှတ်လာကာ သတင်းပေးပို့လာခိုင်းပြီဖြစ်ကြောင်း၊ သူ့ဘက်တွင် မည်သည့်အရေးကြီးပြဿနာမှမရှိကြောင်း၊ ထို့ကြောင့် အရှင်မင်းမြတ်ကိုယ်တော်တိုင် ထိုနေရာသို့ ကြွချီသွားရန်ထိ မလိုအပ်ကြောင်း ​လျှောက်တင်လာ၏။ 

ချူယွမ် - "....."

အခုဆို နာရီဝက်တောင်ရှိနေပြီလေ၊
ဘာမှမဖြစ်ဘူးလို့ ပြောလို့ရမတဲ့လား။

"ဝမ်ရယ်ဘက်က တကယ်ကြီး အဲ့လိုပြောလာတာပါဘုရား"

ချူယွမ်တစ်ယောက် နှုတ်ခမ်းဆူသွားကာ နားနေရာအခန်းထဲ ပြန်လှည့်ဝင်သွားသည်။ ရှစ်ဇီလည်း အမြန် လိုက်သွားလိုက်ရ၏။အရှင်မင်းမြတ်ကို တကယ်ထိန်းနိုင်သောသူမှာ ဤလောကတွင် ဝမ်ရယ်တစ်ယောက်တည်းသာ ရှိမည်ကိုစိုးရ၏၊ မင်းသား(၉)သည်ပင် အရှင်မင်းမြတ်အား ထိန်း၍မနိုင်ဟု စိတ်ထဲမှ တွေးနေမိချေသည်။

သို့နှင့် နောက်နာရီဝက်လွန်သွားတော့မှ သွမ့်ပိုင်ယွဲ့တစ်ယောက် ပြန်ရောက်လာသည်။ သို့သော် သင်္ဘောဝမ်းခန်းထဲ ပြန်ဝင်မလာသေးခင် ရှစ်ဇီကုန်းကုန်းက ခပ်တိုးတိုးလေး ပြောပြလာ၏။

"အရှင်မင်းမြတ်က ပွဲတော်တောင်မတည်ရသေးပါဘူးခင်ဗျာ၊ ဝမ်ရယ်ကို စောင့်ဆိုင်းတော်မူနေကြောင်းပါ"

သွမ့်ပိုင်ယွဲ့လည်း ပြုံးမိသွားသည်။ ထို့နောက် တံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်တော့ ​စားပွဲနားတွင်ထိုင်ကာ မြေပုံကိုလေ့လာနေသောချူယွမ်ကို တွေ့လိုက်ရသည်၊ တစ်ဖက်လူကလည်း သူ့ခြေသံကိုကြားတော့ ခေါင်းမော့ကြည့်လာပြီး လက်ချောင်းလေးများ လှုပ်ကာခတ်ကာ သွမ့်ပိုင်ယွဲ့ကိုလက်ယပ်ပြီးခေါ်လိုက်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now