အခန်း - ၁၇၅ ( ရေခဲခေါင်းတလား )

6.3K 1.4K 260
                                    

{ အိပ်ပျော်နေသော သတ္တဝါဆန်းကြီး }

ဤကျွေ့ယင်တပ်သားတစ်စုက ဘေးနားတွင် လာရောက်ဝန်းရံနေသော်လည်း မြောင့်ရှင်းကိုယ်တော်ကမူ သူတို့ပြောစကားများကို တစ်ဖက်နားမှဝင်စေကာ တစ်ဖက်နားမှ ထွက်လိုက်စေပြီး တတ်နိုင်သလောက်မမှုဘဲနေခဲ့သည်။ တစ်ဖက်အဖွဲ့က ဆူညံမြူးတူးနေသည့်တိုင် သူကမူ စိတ်ထဲမှသည် တရားဒေသနာများ အောက်မေ့ရွတ်ဆိုနေလိုက်ကာ ပြင်ပအာရုံများကို အကုန်ဖြတ်တောက်နေလိုက်သည်။

အရိပ်တပ်သားများက သူ့ဘေးနား ထိုင်နေကြကာ ခေါက်ဆွဲလေးစားလိုက် ၊ သက်ပြင်းလေးချလိုက် လုပ်နေကြသည်။ စောနက စားဖိုခန်းဆီမှ မွှေးကြိုင်လှသော ဟင်းနံ့တစ်ခု ထွက်လာသည်လေ။ ဝမ်ရယ်အား ခွန်အားပြည့်စွမ်းလာစေဖို့ ဟင်းရည်လေးချက်ပေးရန် ဧကရာဇ်အရှင်က စားဖိုခန်းအား အမိန့်ပေးလိုက်ပြန်ပြီထင့်။

ဒို့တွေ တစ်ပန်းကန်လောက် သောက်ကြည့်ချင်တယ်.....လို့ မပြောရပါဘူးနော်။

"အရှင်ဘုရား၊ အရှင်ဘုရား"

ကျွေ့ယင်တပ်သားတစ်ယောက်က မြောင့်ရှင်းအား တံတောင်ဖြင့်တွတ်လိုက်ကာ ဆက်ဆိုလာ၏။

"နောက်ပိုင်း အရှင်မင်းမြတ်နဲ့ဝမ်ရယ်တို့ရဲ့ လက်ထပ်ဘိသိက်ပွဲနေ့ရောက်ရင် အရှင်ဘုရားလည်း မင်္ဂလာသေရည်သွားတောင်းပြီး ဘုဥ်းပေးဦးမှာမလားဟင်။ အဲ့အချိန်ကျရင် ရှောင်လင်ကျောင်းရော ကျင်းကွမ်းကျောင်းရော ရှိရှိသမျှ ဝါတော်ရင့်ဆရာတော်ဘုရားကြီးတွေပါ အကုန်ကြွလာကြမှာနဲ့တူတယ်။ လူတိုင်းနဲ့အတူ မျက်နှာစုံစုံညီညီ သက်သတ်လွတ်စားကြတာပေါ့၊ တွေးကြည့်ရသလောက်တော့ တော်တော်လေးစည်ကားမှာပဲနော်"

မြောင့်ရှင်းကမူ ဘာမှ ပြန်မပြောချေ။

ကျွေ့ယင်တပ်သားလေးကမူ ပို၍ပင် အူမြူးလာသည်။ လျစ်လျူရှုခံလိုက်ရသည်ဟုလည်း သဘောမထားဘဲ အနားသို့ ပို၍ပင် တိုးကပ်လာကာ ဆက်ဆို၏။

"အဲ့နေ့က တကယ်ပျော်ကြရမှာ"

မြောင့်ရှင်းက ခေါင်းငုံ့လိုက်ကာ "အော်မိထောဖော"ဟုသာ ရွတ်လိုက်သည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now