အချပ်ပို - ၄ ( ရှီးနန်စံအိမ်တော်၏ အညတရနေ့ရက်တစ်ခု )

8.6K 944 183
                                    

အချပ်ပို - ၄ ( ရှီးနန်စံအိမ်တော်၏ အညတရနေ့ရက်တစ်ခု )

{ ဆိုတော့.... ဆန်ဆေးရသေးလား }

ရှီးနန်စံအိမ်တော်တွင် အပေါများဆုံးသောအရာဆိုလျှင် အမျိုးအစားစုံလင်လှသော အဆိပ်ရှိသတ္တဝါများပင် ဖြစ်ချေမည်။

နေမထွက်မီ မနက်ဝေလီဝေလင်းအချိန်ကတညး် အရီးတော်ကျင်းမှာ တံမြက်စည်းနှင့်ဂေါ်ပြားယူကာ မြွေ၊ ကင်းမြီးကောက်၊ ပင့်ကူ၊ ကင်းခြေများ အရှိစသည့် မြောက်မြားလှစွာသောအကောင်များကို ရှင်းလင်းသိမ်းကျုံးနေရကာ အဆိပ်တစ်ရာတွင်းထဲ ပြန်သွန်ထည့်ရသည်။ ထို့နောက် ကြွင်းကျန်နေသေးရဲ့လားဟု ပြန်လာကြည့်ရကာ အကုန်ရှင်းပြီးကြောင်း သေချာပြီဆိုတော့မှ မနက်စာချက်ပြီးပြီလားဟု စားဖိုခန်းထဲ ဝင်သွားကြည့်သည်။ မည်သို့ပင်ဆိုစေ၊ အချိန်အခါကို မှန်းကြည့်ရလောက် ထိုလူသားနှစ်ယောက်လည်း နိုးနေလောက်ရော့မည်။

နွေဂိမှာန်၏အဆုံး ရွက်ကြွေရာသီ၏အစတွင် ရာသီဥတုမှာ အနေတော်လေးပင် သာယာနေလှသည်။ သိပ်လည်းမပူ၊ သိပ်လည်းမအေးလွန်းသည်မို့ ချူယွမ်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့၏။ ဘေးနားတွင် လဲလျောင်းနေသော သွမ့်ပိုင်ယွဲ့မှာ ချူယွမ်၏ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ ချော့သိပ်နေခဲ့သည်။ ထို့အပြင် အခန်းပေါ်ရှိ ထုပ်တန်းတစ်လျှောက် လျှောက်သွားနေသည့် မြွေကြီးကိုပါ စေ့စေ့ကြည့်နေခဲ့သည်။ ကျင်းဝတွင် ကျောက်တုံးကြီးခံပြီး တားထားလျှင်တောင် တစ်ရက်ကို ရှစ်ကြိမ်မက ခိုးထွက်လာနိုင်သည့် တားမရဆီးမရသော အကောင်ကြီးပင် ဖြစ်ချေသည်ပဲ။

အားချင်းမှာ လျှာတစ်လစ်တစ်လစ်လေး ထုတ်ကာ ခေါင်းတယမ်းယမ်း လုပ်နေသည်၊ ထို့အပြင် ပခြုပ်ထဲ သွားခွေနေဖို့ရန်လည်း ငြင်းဆန်နေသေး၏။ သွမ့်ပိုင်ယွဲ့ဘက်မှ သူ့အား နှင်ထုတ်မည့် အရိပ်အယောင်မပြသောအခါ အားချင်းလည်း ထုပ်တန်းပေါ်ရစ်ပတ်ထားသောအမြီးကို ဖြည်းဖြည်းချင်းဖြေကာ ဖြည်းဖြည်းချင်းစီ အောက်သို့ လျှောဆင်းလာသည်။ သွမ့်ပိုင်ယွဲ့က အားချင်းဆီ လက်ညှိုးထိုးလိုက်၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now