အခန်း - ၁၇၃ ( ဖုတ်သဘက် )

7.1K 1.4K 104
                                    

T/n : လီကျင့်ပြည်တွင် တစ်ထောက်နားစဥ် လူသေအလောင်းတစ်ခု မျောလာရာမှ အဆက် -

အခန်း - ၁၇၃ ( ဖုတ်သဘက် )

{ မင်းမေ....ဘာလို့ ထပ်ပြီး
မတ်တတ်ရပ်နေနိုင်သေးတာလဲ }

ဤရက်ပိုင်းအတွင်း စိတ်ညစ်စရာကိစ္စ များပြားနေသောကြောင့်ထင်၊ ပြန်ရောက်သည်နှင့် သွမ့်ပိုင်ယွဲ့က ချူယွမ်မှာ ရေနွေးစပ်ထားသောစည်ပိုင်းထဲ စိမ်ပြီး ရေချိုးခိုင်းလိုက်စေသည်။ သလွန်တော်ပေါ်တက်ပြီး အိပ်သည်နှင့် ငိုက်မြည်းမှုများ လွှမ်းမိုးလာပြီး မကြာခင်မှာပင် အိပ်မောကျသွားရှာ၏။

သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် ခဏလောက် အဖော်အဖြစ် နေပေးလိုက်သည်။ ထို့နောက် ချူယွမ်ဘက်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှန်း သေချာတော့မှ အခန်းအပြင်ဘက် ထွက်သွားလိုက်၏။ ထို့နောက် သွမ့်ယောင်အပါအဝင် ရှီးနန်တပ်သားများကို ခေါ်ကာ အခန်းအား စောင့်ရှောက်ထားစေသည်။ သူကိုယ်တိုင်ကမူ ယဲ့ကျင်နှင့် ဆွေးနွေးရန် ပြန်ထွက်သွားသည်။

ကမ်းစပ်သို့ ခြေချလိုက်ရုံသာရှိသေး၊ တဲအိမ်၏အမိုးကို ခွာချနေသည့် ရှန်ချန်းဖုန်းကို တွေ့လိုက်ရ၏။

ကျန်းမင်လွီ့မျက်နှာတစ်ခုလုံးမှာ ဖြူဆုတ်နေကာ အသက်ရှူလည်း မမှန်တော့။

"လုံးဝမရတော့လို့ပါ ၊ ဝမ်ရယ်။ မဟုတ်ရင် အရမ်းနံစော်နေတော့မှာ"

"မင်း လုံးဝမရတော့ဘူးဆိုရင် တောင်သခင်ယဲ့ကို ပန်ဝမ်သွားပြောပေးမယ်လေ "

ကျန်းမင်လွီ့ကမူ ခေါင်းတတွင်တွင်ခါလိုက်သည်။

"မရဘူး ၊ ဝမ်ရယ်ရဲ့.....မရဘူး။ ဒီလိုအခွင့်အရေးရဖို့ အရမ်းခဲယဥ္းတာကို၊ ဒီထက်ခက်ရင်တောင် မဖြစ်​ြဖစ်အောင်ကြိုးစားရမှာ"

ကျန်းမင်လွီ့မှာ ​အဝတ်စဖြင့် မျက်နှာကိုအုပ်ရင်း ပြောပြလာ၏။ ထို့နောက် တဲအိမ်ထဲသို့ ပြန်ပြေးဝင်သွားလေရာ၊ သွမ့်ပိုင်ယွဲ့မှာ ခေါင်းတခါခါသာလုပ်နိုင်ပြီး အထဲသို့ လိုက်ဝင်သွားလိုက်ရသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now