အခန်း - ၁၈၂ ( အိမ်ပြန်ခြင်း )

8.5K 1.7K 366
                                    

{ နောက်သုံးရက်နေရင် ကိုယ်တို့ လက်ထပ်ကြမယ် }

ရက်ပေါင်းများစွာ လွန်မြောက်ပြီးသော်။

တပ်မတော်ကြီးက ကွမ်းဟိုင်မြို့သို့ ဘေးကင်းစွာ ဆိုက်ရောက်လာပြီဖြစ်ကာ မြို့စားမင်းဖုန်ချန်ကလည်း မနက်အစောကြီးကတည်းကပင် ဆိပ်ကမ်းတွင် လာရောက်စောင့်ဆိုင်းနေခဲ့ပြီဖြစ်သည် ။ မြို့သူမြို့သားများကလည်း သေရည်များ၊ မုန့်များပိုက်ကာ လမ်းဘေးတစ်လျှောက်လုံး ပြည့်သိပ်ကျပ်ညှပ်နေအောင် လာရောက်စောင့်ဆိုင်းနေရင်း၊စစ်ပွဲမှပြန်လာမည့် ညီအစ်ကိုများနှင့် ရဲမက်တပ်သားများကို စောင့်ဆိုင်းနေခဲ့ကြလေ၏။

"ရောက်ပြီ"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား အခန်းထဲမှ ခေါ်ဆောင်လာခဲ့သည်။

"ဟိုမှာကြည့်ပါဦး၊ ဆိပ်ကမ်းနဲ့ မီးခိုးတွေကိုမြင်ရဲ့လား။ အဲ့ဟာ တာ့ချူပဲလေ"

ချူယွမ်ကမူ သူ့ရင်ခွင်ထဲတွင်သာ မှီနေကာ အဝေးသို့ ငြိမ်သက်စွာမျှော်ကြည့်နေ၏။ သွမ့်ပိုင်ယွဲ့က သူ့အနားတိုးကာ ပြောလာသည်။

"ခဏလောက် လေညှင်းခံ​ြပီးသွားရင် ရွှေနဂါးဝတ်လဲတော် သွားလဲတော့နော်။ စောနက ရှစ်ဇီတောင် တဖွဖွပြောနေတာ၊ ဒီဝတ်စုံက အရမ်းရိုးရှင်းလွန်းတယ်တဲ့။ စစ်ပွဲကနေ အောင်ပွဲခံလာခဲ့တဲ့လူရဲ့ ဘုန်းတန်ခိုးအရှိန်အဝါမျိုး သိပ်မပေါ်ဘူးတဲ့"

ချူယွမ် ပြုံးလိုက်သည်။

"ပေါက်တတ်ကရတွေ၊ ဘယ်ဧကရာဇ်ကများ သူ့ဘုန်းတန်ခိုးအရှိန်အဝါပေါ်လွင်ဖို့ ဝတ်စားတန်ဆာကိုချည်း အားကိုးနေရမှာလဲ"

သွမ့်ပိုင်ယွဲ့က လူကို ခပ်မတ်မတ်ပြန်ရပ်စေလိုက်သည်။

"ကိုယ်တော့ မသိဘူး၊ ရှစ်ဇီကတော့ နန်းတွင်းအစဥ္အလာလို့ ပြောတာပဲ။ ပြီးတော့ မင်း ဒဏ်ရာအကြီးအကျယ်ရထားတာ၊ ဒီနောက်ပိုင်း မင်းမျက်နှာမကောင်းဘူး။ ဒီလိုအဖြူလေးတွေ ဝတ်နေရင် နည်းနည်းလေးအားနည်းချည့်နဲ့တဲ့ပုံမျိုး ပေါက်နေတယ်"

ချူယွမ်က သွမ့်ပိုင်ယွဲ့၏နှာခေါင်းကို ခပ်ဖွဖွခေါက်လိုက်ကာ ဆိုလာသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now