အခန်း - ၁၆၇ ( ကျွန်းအား တိုက်ခိုက်ခြင်း)

7.7K 1.5K 282
                                    

{ ဒီလိုအချိန်ကြီးမှာ ရင်ကြားစေ့ညှိနှိုင်းဦးမှာလား }

မိုးကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မိုက်အုံ့ဆိုင်းလာသောအခါ။

စစ်ကုန်းလွီ့က ပြောလာ၏။

"ကဲ၊ ချမလား ၊ ဆုတ်မလား။ ချမယ်ဆိုရင်လည်း ဘယ်လိုချကြမလဲ၊ အနည်းဆုံးတော့ ရင်ဆိုင်ဖို့အတွက် ဗျူဟာရှိရမယ်။ မဟုတ်ဘဲ ဒီမှာ အကြာကြီးအချိန်ကုန်နေတာတော့ ကောင်းမှာမဟုတ်တာ သေချာတယ်"

သွမ့်ယောင်က အိတ်ထဲရှိ ကူပိုးကောင်ဘုရင်ကို စမ်းကြည့်လိုက်သည်။ ထို့နောက် သွမ့်ပိုင်ယွဲ့အား သတိကြီးစွာ မော့ကြည့်လာ၏။

"မရဘူး၊ ငွေဒင်္ဂါးကောင်တွေ ဒီလောက်များနေတာ ကူဘုရင်တစ်ကောင်တည်းနဲ့ ဘာမှထူးမှာမဟုတ်ဘူး "

သွမ့်ပိုင်ယွဲ့က သူ့ပခုံးကိုပုတ်လိုက်ပြီး ကျွန်းဘက်သို့ နောက်တစ်ခေါက်လှည့်ကြည့်လိုက်သည်။ ဘေးနားတစ်လျှောက်တွင် ပတ်လည်စိုက်ထူထားသော သစ်လုံးကြီးများက အရာရာတိုင်းကို မြင်ခွင့်မရ​ေအာင် တားဆီးထား၏။ မြင်ရသောအရာဟူ၍ မားမားမတ်မတ် တည်ရှိနေသော မျှော်စင်ကြီးတစ်ခုတည်းသာဖြစ်ကာ ထိုမျှော်စင်ပေါ်တွင်လည်း တပ်သားခြောက်ယောက်ရှိနေပြီး၊ နေရာအသီးသီးခွဲနေကြကာ ဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို စောင့်ကြပ်ကြည့်ရှုနေသည်။

သွမ့်ပိုင်ယွဲ့က သူ၏အင်္ကျီလက်ထဲမှသည် ဓားပျံတစ်စင်းထုတ်လိုက်သည်။ ထိုဓားပျံမှာ ရေခဲစိုင်တစ်ခုနှင့်ပင် တူနေသည်။ ၎င်းမှာ ရေခဲကူပိုးကောင်မှ ထွက်လာသော အရိုးအတက်ဖြင့် ထွင်းထုထားခြင်းဖြစ်လေရာ အလွန်တရာကိုမှ အသွားထက်လှ၏။ သွေးစက်များ သောက်သုံးရရုံမျှနှင့် ချက်ချင်းပင်အရည်ပျော်ပြီး ပျောက်ကွယ်သွားမည်ဖြစ်ကာ ဘာသဲလွန်စမှပင် ကျန်စေမည်မဟုတ်။

"မင်း အဲ့ပေါ် တက်သွားချင်နေတာမလား"

စစ်ကုန်းလွီ့က စိတ်ညစ်စွာဆိုလာသည်။ သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်၏။

"အဲ့ကောင်တွေ ဘယ်လောက်ထိ သွေးပျက်သွားနိုင်မလဲဆိုတာ ကြည့်ရအောင် "

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now