အခန်း - ၁၆၃ - အဆက်

8.4K 1.7K 711
                                    

ဧကရာဇ်စံမြန်းရာ သင်္ဘောကြီးပေါ် လာရောက်အလုပ်လုပ်ခွင့်ရကြသောသူများမှာလည်း ကြမ်းတိုက်ပန်းကန်ဆေးသည့်အလုပ်လုပ်ပင် လုပ်ရစေကာမူ အခြေအနေကို နားလည်တတ်ကာ ပါးနပ်လိမ္မာကြသည်မို့၊  ယခု အခြေအနေမဟန်မှန်း သဘောပေါက်သွားကြတော့ ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။ ကို်ယ်ရံတော်နှစ်ယောက်ကမူ အကြောင်းရင်းအသေးစိတ်ကို လျှောက်တင်ရန် ချူယွမ်၏နားနေခန်းသို့ သွားလိုက်ကြ၏။

ချူယွမ် ရယ်ချင်သွားသည်။

"နည်းနည်းပါးပါး သွားမရှင်းတော့ဘူးလားဟမ်"

"မသွားဘူး"

သွမ့်ပိုင်ယွဲ့က စိတ်ကိုမဝင်စားချင်သည့်ဟန်ဖြင့် ပြောလာ၏။

"မင်း ဒီလိုမျိုး  မလှုပ်နိုင်မရှားနိုင်ဖြစ်တာ ဒီလောက်ရှားပါသဘိနဲ့၊ ကိုယ်တော့ အရင်းလေးဘာလေးရအောင် ရှာရမှာပဲ။ ဘာကိစ္စ အဲ့ဘုန်းကြီးနဲ့ သွားရှုပ်ရမှာလဲ"

ချူယွမ်က လှဲနေရာမှ ထထိုင်လိုက်သည်။

"ဆရာကြီးနန်နဲ့ မြောင့်ရှင်းတို့ ရန်သတ်ကြလောက်မလား၊ မင်းရော ဘယ်လိုထင်လဲ"

"တကယ်ရန်သတ်ဖြစ်တယ်ဆိုရင်တောင် ရှစ်ဖူးက သူ့စည်းနဲ့သူ သိပြီးသားပါ။ အနည်းဆုံးတော့ ရန်ဖြစ်ပြီးသွားရင် ဆင်ခြေဆင်လက်ပေးလာမှာပဲ။ သူ့ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်မုန်းတီးပြမှာတော့ မဟုတ်ဘူး။ ရှီးနန်အိမ်ကလာတဲ့လူတိုင်းက ကိုယ့်လူတွေပဲမို့  ရှစ်ဖူးဘက်က သူ့ကိုအမြင်ကြည်လာဖို့ မမျှော်လင့်လောက်ပါဘူး၊ ဒီကိစ္စက ကျိုးကြောင်းသင့်လျော်ပါတယ်"

"မြောင့်ရှင်းသာ အခြေအနေကို နားလည်နေရိုးမှန်ရင် ဆရာကြီးနန်ကို ရှောင်ရှားခါမှ တော်ကာကျမှာ ။ ဒါပေမယ့် စောနတုန်းက ကိုယ်ရံတော်တွေ လာပြောတဲ့စကားအရ သူကိုယ်တိုင်က စပြီး နှုတ်ဆက်လာတယ်လို့ပြောတယ် "

"အဲ့တော့ မင်း ဘယ်လိုတွေးထားလဲ။ တစ်ဖက်လူက ကိုယ့်ကို ရန်လာစနေပြန်ပြီနော်၊ ကြည့်ပါဦး"

"ဇာတ်ကွက်တွေ ခင်းနေပြန်ပြီ"

ချူယွမ်က ရယ်ချင်သွားကာ သူ့ကိုတစ်ချက်ရိုက်လိုက်သည်။ သွမ့်ပိုင်ယွဲ့ကမူ သူ၏လက်ကို ဖမ်းဆုပ်ထားလိုက်ကာ နှုတ်ခမ်းနားတိုးလာစေပြီး နမ်းရှိုက်လိုက်၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now