အခန်း - ၁၈၄ ( ကြင်စဦးဇနီးမောင်နှံ )

10K 1.6K 223
                                    

{ လက်ထပ်ပြီးသွားရင် စားစရာထမင်းတောင် မကျွေးတော့ဘူးလား }

နောက်တစ်နေ့ မနက်ရောက်သော်။

အဖြူအနက်အစင်းကျားများရှိသည့် စပါးအုံးမြွေကြီးတစ်ကောင်က ခေါင်မိုးပေါ်မှသည် ဖြည်းဖြည်းချင်းတွယ်ဆင်းလာသည်။ သွမ့်ယောင်မှာ ထိတ်လန့်တကြားဖြစ်သွားကာ ထိုမြွေကြီးအား ပွေ့ယူလိုက်ပြီးနောက် အဝေးသို့ အမြန်ခေါ်ထုတ်သွားလိုက်၏။ ပန်းဥယျာဥ်ထဲတွင်ရှိနေသော ယဲ့ကျင်က သွမ့်ယောင်အား အဝေးမှ လှမ်းမြင်နေရသည်၊ သို့သော် သူဘာလုပ်နေမှန်း နားမလည်ခဲ့ချေ။

သွမ့်ယောင်က ထိုစပါးအုံးမြွေကြီးကို ဘုန်းခနဲပစ်ချလိုက်ကာ ယဲ့ကျင်ဆီ အတည်ပေါက်ကြီး ပြောလာ၏။

"အဆိပ်မရှိပါဘူး"

သတို့သမီးကို ခင်ဗျား လာခိုးသွားချင်တယ်လို့တော့ လာမပြောနဲ့နော်။

"စောစောစီးစီး ဒီနားလာပြီး ဘာတွေရပ်လုပ်နေကြတာလဲ"

အရီးတော်ကျင်းက ပိတ်ထားဆဲဖြစ်သော အိမ်တံခါးလေးဘက် လှမ်းကြည့်လိုက်ကာ သူတို့နှစ်ယောက်အား ပြုံးပြပြီး ပြောလာ၏။

"ဝမ်ရယ်နဲ့အရှင်မင်းမြတ်တို့ အိပ်ရာနိုးလာဖို့ ကြာဦးမယ်ထင်တယ်၊ ဒီမှာ စကားရပ်မပြောဘဲ နေရအောင်။ နို့မို့ဆို သူတို့နိုးသွားကြလိမ့်မယ်"

သွမ့်ယောင်က လက်မြှောက်ကာ သစ္စာဆိုလိုက်သည်။

"ဟုတ်၊ သားတို့ ခုချက်ချင်း ထွက်သွားတော့မယ်ခင်ဗျ!!!!"

သို့နှင့် ယဲ့ကျင်လည်း သွမ့်ယောင်ခေါ်ရာနောက် လိုက်ပါသွားခဲ့ရကာ အိမ်ငယ်လေးဘက်သို့ နှမြောတသသဖြစ်နေသော မျက်ဝန်းများဖြင့် ​ကြည့်လာ၏။

နောင်တော့်ကို ခိုးပြေးသွားချင်လို်က်တာ။

*****

"အပြင်မှာ သူများတွေ စကားပြောနေကြတာလား"

ချူယွမ်က အိပ်မှုန်စုံမွှားမျက်လုံးလေးများဖြင့် မေးလာ၏။

"ယောင်အာရယ်ပါ၊ အသံကျယ်သွားတော့ မင်းကိုနှိုးလိုက်သလို ဖြစ်သွားတယ်ထင်"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now