အပိုင်း(၁)

3.2K 159 0
                                    


Lengend of the blue sea

အပိုင်း(၁)ပင်လယ်ပြာထဲနှစ်မြုတ်သွားသောဘုရင်မ(1)

လေပြင်းဟာသည်းထန်လွန်းလှတယ်

‌ကျောက်ဆောင်များကိုရိုက်ခတ်နေသော ရေလှိုင်းများက ပျော့ပြောင်းဟန်ရှိပေမဲ့ပိုလို့ကြမ်းတမ်းလေတယ်

ပင်လယ်ပြင်ရှိလှိုင်းကြက်ခွပ်လေးများစိပ်၍လာပြီး မကြာခင်မုန်တိုင်းတခုဖြစ်ပေါ်တော့မည့်နှယ် လေထုကထူးဆန်းလို့နေတယ်

ထိုအချိန် သေးငယ်လှသောပုံရိပ်ျလးတခုဟာ ခက်ခဲစွာနဲ့ ကမ်းပါးတခုပေါ်တွယ်တက်နေပြီး အထက်မှာရှိတဲ့လူပေါင်းများစွာဟာ သူမကိုလက်ညိုးထိုးတဲ့သူကထိုး ဆဲဆိုတဲ့သူဆဲဆိုနေကြပြီး နေတဲ့သူမကိုဘယ်သူကမှကယ်တင်ပေးလိုစိတ်မရှိကြလေဘူး

သူမ......?

ဟုတ်ပါတယ် သူမပါ....လီတိုင်းပြည်ရဲ့ဘုရင်မ ... လီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့သူမပါ

သူမဟာ ရိုးသားတယ် ဖြူစင်တယ် ကြင်နာတတ်တယ်

အယုံလွယ်ကာ တုံးအပြီး အမှန်တရားကိုသာလက်ကိုင်ထားတာဖြစ်တယ်

နတ်သမီးတမျှ ချောမောလှပပြီး ဆုံတွေ့ဖူးသူတိုင်းကနှစ်သက်သွားကြတာချည်း

သူမကိုမွေးစဉ်အခါက ကောင်းကင်မှာကြိုးကြာငှက်များစွာလာရောက်ပျံဝဲသီးဆိုဂုဏ်ပြုပေးခဲ့လို့ ဘုရင်မဇာတာနဲ့မွေးဖွားလာသူအဖြစ်ကောင်းချီးပေးခြင်းခံခဲ့ရတယ်

ဒါပေမဲ့ သူမရဲ့အခုပုံကိုကြည့်ပါဦး

ရွဲတွဲနေတြဲအသားတွေ ဖြူပြီးကျိုးကြေနေတဲ့ဆံပင်ကြမ်း‌ေတွနဲ့ စုန်းမတစ်ယောက်လိုလက်သည်းရှည်ထွက်ပြီး ကိုင်းနေတဲ့ခါးက သူမဟာ လီတိုင်းပြည်ရဲ့ဘုရင်မဖြစ်ခဲ့ဖူးတယ်ဆိုတာ ဘယ်လိုသက်သေပြပါလိမ့်မလဲ

နုပျိုမူ့တွေ...ချောမောမူ့တွေ ဩဇာတွေ အာဏာတွေ အရှိန်အဝါတွေ ဘာတခုမှမရှိတော့တဲ့သူမက ဒီအတိုင်းရွံစရာသူတောင်းစားတစ်ယောက်ပမာ

တဖျတ်ဖျတ်လက်နေတတ်တဲ့မျက်ဝန်းများကလဲ အခုဆိုအဖြူရောင်မျက်သားပြင်သာရှိတေ့ာတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now