Ch.50=.uni&zgi

558 32 1
                                    


The Lengend of the blue sea

အပိုင်း(50) မော့ဟွားနှင့်လီဝမ်တို့ရဲ့ကလေးငယ်(1)

သူမကသာဒေါသထွက်နေတာ ရိရန်ကတော့ အိမ်မက်‌ေတွတောင်မက်လို့

"ဟားးဟားး ရိရန် ရှင်က နတ်ဘုရားမဟုတ်ဘူးလား ဘာလို့အိပ်နေသေးတာလဲ ဟမ် တခါထဲမထနိုင်အောင်လုပ်ပေးလိုက်မယ် သေပေတော့"

သူမ ရိရန်ကိုအားကုန်တိုက်တော့တယ်

အိပ်နေတဲ့ရိရန်ကလဲ မျက်လုံးပွင့်လာကာ ရိုးသားတဲ့မျက်နှာလေးကိုတပ်ဆင်ထားကာ ခြေတခါခါ လက်တခါခါနဲ့

"မဟုတ်ဘူး မဟုတ်ဘူး မင်းကိုနမ်းဖို့မရည်ရွယ်ပါဘူး "

"ပါးစပ်ပိတ်ထား"

"တကယ်ပြောတာအဲ့တာ တမင်လုပ်တာမဟုတ်ဘူးလို့"

"ပါးစပ်ပိတ်ထားလို့ပြောနေတယ်လေ"

"ကိုယ်..... ! မင်းးးးး ! "

"ပိတ်....ထားး ! "

ရီနာနာက တိုင်တန်ခရင်းခွကို အကြိမ်ကြိမ်လွှဲရမ်းရင်း ရိရန်ကိုလိုက်တိုက်ခိုက်နေခဲ့တယ်

ရိရန်ကလဲ ယပ်တောင်လေးကိုကာရင်းနဲ့ သူမကိုရှောင်နေလေတယ်

"ဘာဖြစ်ကြတာလဲ "

တည်းခိုဆောင်တခုလုံးကိုဖြိုချလို့အပြီးမှာတော့ ဝိုလျန်းနဲ့လီယူရီလဲရောက်လာကြပြီး စိုးရိမ်တကြီးမေးမြန်းလာမှပဲ သူမ ပုံမှန်အသိစိတ်ပြန်ဖြစ်လာတော့တယ်

"အဟမ်း "

ရိရန်က နှာခေါင်းပွတ်လိုက်ကာ ချောင်းဟန့်လိုက်တယ်

ရီနာနာကတော့ ရှက်နေပြီးတော့ ရိရန်ကိုမျက်စောင်းထိုးပစ်လိုက်လေရဲ့

အံကြိတ်ထားတဲ့အသံကိုလဲ အတိုင်းသားကြားလိုက်ရတာမို့ ရိရန်ကျောတော့နဲနဲတွန့်သွားလေတယ်

"ကဲကဲ ကျီစားမနေကြတော့နဲ့ မနက်ပဲမိုးလင်းနေပြီမသွားကြသေးဘူးလား"

"ကျဲ ကျီစားတာမဟုတ်ပါဘူးဆိုနေ "

ရီနာနာရဲ့ဆောင့်အောင့်ပြီးပြောလိုက်အသံနဲ့ ရင်းရင်းနှီးနှီး ကျဲလို့ခေါ်သံလေးက ဝိုလျန်းကိုပြုံးမိစေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now