အပိုင်း(78) uni&zgi

404 28 0
                                    


The Lengend of the blue sea

အပိုင်း(78) သိရှိလိုက်ရတဲ့ဖြစ်ရပ်မှန်

သတင်မကြားဘာမကြားနဲ့ အမိန့်တော်ရောက်လာတဲ့အခါ အရမ်းကိုချောမောလှပတဲ့နတ်ဘုရားလေးလီရီရီရဲ့မျက်ဝန်းထဲမှောင်မှိုင်းသွားတယ်

ရှေ့ရောက်နောက်ရော သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် ကောင်းကင်မင်းကြီးက သူမတို့ရဲ့တဖြေးဖြေးကြီးထွားလာတဲ့အင်အားစုကိုဖြိုခွဲချင်နေတာပဲ

လီရီရီ ဒေါသထွက်သွားပေမဲ့ သူမတို့ကိုယ်တိုင်ကလဲ ကောင်းကင်မင်းကြီးရဲ့လက်အောက်ခိုဝင်နေရသူမို့ လက်သီးဆုပ်ထားရုံအပြင် ဘာမှမလုပ်နိုင်ခဲ့ဘူး

"အချစ်နတ်ဘုရားမ ဟုတ်လား ဒေါသထွက်လို့သေတော့မှာပဲ အဲ့တာတမင်လုပ်တာမဟုတ်ဘူးလား "

လီယူလျန်းက ဒေါသထွက်ကာအော်ပြောလာတယ်

သူတင်မဟုတ်ပါဘူး ခန်းမထဲရှိတဲ့ လီမိသားစုဝင်တိုင်း ဒေါသထွက်နေကြတာပါပဲ

"ဒါက တမင်လုပ်တာပဲ "

"့ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရီရီကိုတော့ အချစ်နတ်ဘုရားမ အဖြစ်ခံလို့မရဘူး အဲ့တော့ ဆန့်ကျင်တာကိုပေါ်တင်ပဲလုပ်လိုက်ကြတာပေါ့"

အဲ့စကားကြားတော့ အားလုံးတိတ်ဆိတ်သွားကြတယ် မိသားစုခေါင်းဆောင် လီယူရီသာမက ဝိုလျန်းရော လီယူလျန်းအထိပါ တိတ်ဆိတ်သွားကြတယ်

အဲ့စကားဘယ်လောက်အရေးကြီးလဲအားလုံးအသိပဲ  သူတို့ကောင်းကင်မင်းကြီးထံစခိုလှုံထဲက ကောင်းကင်မင်းကြီးဟာ သူတို့ရဲ့ကြီးမားတဲ့တန်ခိုးအင်အားကိ‌ု ရှုံးမှာကြောက်လို့
တမင် သိသိသာသာရော မသိမသာပါ ခြောက်လှန်ဖိနှိပ်နေခဲ့တာ အခုတော့ သူတို့သီးခံနိုင်တဲ့နောက်ဆုံးမျဉ်းကိုလာထိခဲ့ပြီ

အချစ်နတ်ဘုရားမဆိုတာ ဘယ်လိုလဲ

သူမရဲ့နှလုံးသားကိုအရှင်လတ်လတ်ဆွဲထုတ်ကာ အချစ်သစ်ပင်ရဲ့နှလုံးသားဖြစ်လာစေမယ်

ခံစားချက်မရှိတော့ပဲ  မိသားစုအားလုံးကိုပါမေ့ပစ်သွားဦးမယ် 

ပတ်သတ်သမျှကိုအမြစ်ကနေလှန်ရှင်းခံရမှာဖြစ်ပြီးတော့ ကောင်းကင်မင်းကြီးကတချက်အမိန့်ပေးလိုက်တာနဲ့ မိသားစုမှန်းမသိ ပြန်တိုက်ခိုက်နိုင်တဲ့ ကြောက်စရာလူသတ်လက်နက်ပဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now