အပိုင်း(83) uni&zgi

405 25 1
                                    


The Lengend of the blue sea

အပိုင်း(83) ဝံပုလွေနီ စီမာချင်းဖန်း🚨🚨🚨

မိန်းမသားတစ်ယောက်နဲ့စစ်ပွဲမှာတိုက်ခိုက်ရည်ဝနေတဲ့ကြမ်းကြမ်းတမ်းတမ်းစစ်သားများ

ရလာဒ်ကတော့ ခန့်မှန်းဖို့လွယ်ပါတယ်

ရီနာနာရှုံးသွားတာပဲပေါ့

သူမရှုံးနိမ့်သွားပြီးကောင်းကင်ထက်ကနေ သေလုနီးပါးအခြေအနေနဲ့ပြုတ်ကျသွားတာ အရိုးအသားတောင်ရှာမရနိုင်ဘူးလို့ပြောကြတယ်

အဲ့နောက်ပိုင်း ရီနာနာပျောက်ကွယ်သွားပြီး သုံးလောကလဲ တဖန်ငြိမ်းချမ်းသွားခဲ့တယ်

ရီနာနာတကယ်ပျောက်ကွယ်သွားလား သေသွားပြီလားဆိုတာကတော့ တကယ့်ရီနာနာကိုယ်တိုင်သာသိမှာပါပဲ

.,.........

"ပါးပါး.....လိုက်ဖမ်းပါ .....ပါးပါ‌းရေ ဟားဟားးဟားး....  မိလဲမိဘူး ‌‌ဗြဲဟဲဟဲ"

"ဖြေးဖြေးပြေးလေ ကျားကျား သမီးချော်လဲလိမ့်မယ် "

"မရတာ မရတာ မေမေနားကိုအမြန်ဆုံးရောက်တဲ့သူက မေမေ့ဘေးနားဒီညအဖော်လုပ်အိပ်ကြေးနော်"

"ဟေးးး အကျင့်ပုတ်လေး ဘယ်သူနဲ့တူလို့လဲဟမ် "

"ပါးပါးနဲ့တူတာ "

"ဘာလို့မားမားနဲ့တူတယ်လို့မပြောရတာလဲ "

"မားမားကနတ်သမီးလေ အကျင့်ပုတ်စရာလား "

ဝံပုလွေနီတဖြစ်လဲ စီမာချင်းဖန်းက သူ့သမီးစကားကြောင့် ပါးစပ်ဟောင်းလောင်းပွင့်သွားတယ်

နောက်တော့ မနေနိုင်စွာ ခေါင်းရမ်းမိတာပါပဲ 

သူ့မေမေကိုအရမ်းချစ်တဲ့‌ကလေးမလေးနဲ့ပြိုင်ရင် သူကအမြဲရှုံးနေတော့တာ

ထားလိုက်ပါတော့ ဒီကလေးမလေးနဲ့ယှဉ်ရင် သူကပဲအမြဲအလျော့ပေးလက်စနဲ့ အလျော့ပေးထားလိုက်ပါမယ်

မေပယ်ပင်‌တွေမေပယ်ရွက်တွေအပြည့်ရှိနေတဲ့မေပယ်ခြံဝင်းထဲကိုသားအဖနှစ်ယောက်လျောက်ဝင်သွားခဲ့ကြပြီး ခပ်ဖြေးဖြေးချင်းတံခါးကိုဖွင့်လိုက်ကြတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now