Ch .55.uni&zgi

498 24 1
                                    

The Lengend of the blue sea

အပိုင်း(55) သူမ၏သံသယများ

ရီနာနာက တိုင်တန်ကိုဆင့်ခေါ်လိုက်ကာ ရိရန်နဲ့အတူ ပျံသန်းပျောက်ကွယ်သွားခဲ့တယ်

ရီနာနာက သူမတို့ကိုပေါင်းစည်းပေးခဲ့သူဖြစ်ပေမဲ့ သူမကပဲအရင်ထွက်ခွာသွားခဲ့တယ် မကြာခနလာလည်ပါ
မယ်ဆိုတဲ့ဂတိတွေကလွဲလို့ သူမပေးနိုင်တာဘာမှမရှိခဲ့

ဝိုလျန်းကတော့ ဘာလုပ်မှဆက်လုပ်စရာမရှိသေးတာကြောင့် မော့ဟွားနဲ့ဆက်လက်အဖော်ပြုပေးနေခဲ့တယ်

သူမတို့အများဆုံးပြောဖြစ်တာက ရီနာနာအကြောင်းပဲ

လီယူရီနဲ့လီဝမ်က ကျားခုံမှာပဲ နှစ်ယောက်သား ဖင်အမြစ်စွဲကာ နှစ်ပေါက်နေကြပြီး တခါတလေ သူတို့ရဲ့ချစ်ဇနီးမကောင်းကြောင်းကို တိုးတိုးတိတ်တိတ်အတင်းတုတ်ကြလေ့ရှိတယ်

အဲ့လိုနဲ့ပဲ နေ့ရက်တွေက ညဖြစ်လိုက် မိုးလင်းလာလိုက်နဲ့ပေါ့

သူတို့ရဲ့နေ့ရက်တွေကို သက်တောင့်သက်သာ‌‌ဖြတ်သန်းနေချိန်မှာ အဝေးမှာရှိတဲ့ရီနာနာက သစ်ပင်ပေါ်မှာထိုင်နေရင်း တောင်တန်းတွေကိုလှမ်းငေးနေတယ်

စိမ်းစိမ်းညို့ညို့တောင်တန်းတွေကိုလှမ်းကြည့်နေရင်းနဲ့ သူမ တိုင်းပြည်ကို မကယ်ပဲထားခဲ့တဲ့အပေါ် အတွေးဝင်စားနေတာပေါ့ 

သူမဘာလို့ မိုးကြိုးပြစ်ဒဏ်ကိုခံခဲ့ရတာလဲ

လူသားတစ်ယောက် ဒါမှမဟုတ် လှေတစီးလုံးကို မှောက်ပစ်ရုံလောက်နဲ့ မိုးကြိုးပြစ်ဒဏ်ကို ခံရတယ်ဆိုတာ သူမအတွက်တော့လက်မခံနိုင်စရာကြီး

တိုင်တန်ခရင်းခွကိုကိုင်လိုက်တာနဲ့ သူမသတိပြန်ရလာတဲ့အတောအတွင်း သူမမှတ်ဉာဏ်က နေရာတနေရာစာ မဟုတ်သေးဘူး နှစ်နေရာစာလွတ်နေတယ်

ပြီးတော့ သူမရဲ့ငယ်ဘဝအ‌ေကြာင်း‌ေတွရောပဲ

"အားးးး "

တွေးလိုက်တိုင်း ခေါင်းကိုက်လာပြီး ပုံမှန်ပြန်ဖြစ်သွားတဲ့အခါကျ အဲ့ဒါတွေအကုန်လုံးကို သူမမေ့သွားရော

အသိစိတ်ကမေ့သွားပေမဲ့ မသိစိတ်က တချိန်လုံးခံစားနေရတာမို့ သူမပိုပိုသိချင်လာလေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now