အပိုင်း(100)uni&zgi

411 23 0
                                    


The Lengend of the blue sea

အပိုင်း(100)

"အဲ့ဒီ အပင်က ကြောက်စရာအရှိန်အဝါတွေထွက်နေတယ် "

မကြာခင်မှာပဲ ဖုန်းမင်ကလဲ သူ့ရဲ့အနက်ရောင်တောင်ပံများကိုလှပစွာခတ်ရင်းရောက်ရှိလာလေတယ်

ကျန်လူတွေလဲအသီးသီးရောက်ရှိလာကြပြီးနောက် သူတို့ရဲ့တဝက်သာကျန်တဲ့စစ်တပ်ကိုလဲ ဆုတ်ခိုင်းထားလိုက်တယ်

သူတို့သစ်ပင်ကြီးရဲ့နောက် သစ်ပင်ကြီးကသူတို့ရဲ့ရှေ့မှာကာကွယ်နေသလိုမျိုးပေါ့

သစ်ပင်ကြီးပေါ်က ပန်းအဖူးလေးဟာ တဖြေးဖြေးကြီးမားလာပြီး နတ်ဘုရားမတပါးကိုအန်ထုတ်လိုက်လေတယ်

အဲ့နတ်ဘုရားမမှာ အနီရောင်ဝတ်ရုံ အန္ီရောင် မျက်ဆံ အန္ီရောင်ဆံနွယ်တွေ နဲ့ အရမ်းလှပတဲ့နတ်ဘုရားတပါးဖြစ်တယ် မြင်ရသူတိုင်းကို ချစ်နှစ်သက်တဲ့စိတ်တွေတိုးလာစေတယ်

ကျောက်စိ််မ်းလုိသန့်စင်ပြီး ပုလဲလိုဖြူ‌ေဖွးတဲ့ခြေထောက်‌လေးတွေမှာ နီရဲတောက်နေတဲ့ဖိနပ်လေးကိုစီးထားကာ ကောင်းကင်ပေါ်ကနေ သစ်ပင်ကြီးခါချလိုက်တဲ့ ပန်းဝတ်မှုန်တွေနဲ့အတူကျဆင်းလာတယ်

အဲ့ဒါ အချစ်နတ်ဘုရားမအစစ်အမှန်မွှေးဖွားလာခဲ့တာပဲ အချစ်နတ်ဘုရားတပါး‌ေမွးဖွားလာတာကိုတခါမှ မမြင်ဖူးကြပေမဲ့ အရမ်းခမ်းနားပြီး ပုံပြင်ဆန်လွန်းလှတယ် အနီရောင်အချစ်သစ်ပင်မှ အနီရောင်အချစ်နတ်ဘုရားမ

အဲ့အချစ်နတ်ဘုရားမက‌တော့ ရီနာနာပါပဲ

ရီနာနာက အခုတော့ အစစ်အမှန်နတ်ဘုရားမတပါးဖြစ်သွားပါပြီ သူမရဲ့စွမ်းအားတွေအတိတ်တွေ အားလုံးကိုသတိရသွားပြီ ပြီးတော့ သူမပိုသန်မာလာပါပြီ

ရီနာနာကကောင်းကင်စစ်သည်တွေဘက်ကို လက်ထဲကအမှုန့်တချို့မှုတ်ထုတ်လိုက်တယ်

အချစ်သစ်ပင်ဆီက အချစ်နတ်ဘုရားမမှုတ်ထုတ်လိုက်တဲ့အမှုန့်ကဘာဖြစ်နိုင်ဦးမှာလဲ အချစ်မှာရစ်မူးစေတဲ့ အချစ်ပန်းဝတ်မှုန်တွေပဲပေါ့

သူမရဲ့အမှုန့်တွေဟာ လေနဲ့အတူ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပါသွားပြီး ကောင်းကင်စစ်သည်တွေရဲ့နှာခေါင်းထဲကို မသိလိုက်ဘာသာရောက်သွားခဲ့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now