အပိုင်း(107)uni&zgi

479 21 0
                                    


The Lengend of the blue sea

အပိုင်း(107)

အစကတော့ ရီနာနာက မြေခွေးလေးကိုအလိုလိုက်ပေမဲ့ သံယောဇဉ်သိပ်မထားခဲ့ဘူး ဘာလို့လဲဆိုတော့ သူမလိုအမြဲတမ်းအသက်ရှင်နေမဲ့သူက လက်ဖျောက်တချက်တီးစာတောင်မရှိတဲ့အချိန်အပိုင်းအခြားမှာသေသွားမဲ့သာမာန်တောကောင်လေးအပေါ်စိတ်သိပ်မနက်ရှိုင်းချင်လို့ သူမဘေးမှာ ခနလေးနေပြီး သေသွားပျောက်ကွယ်သွားမှာပဲမို့ သူမသိပ်အ‌လေးမထားခဲ့တာ ဒါပေမဲ့ မြေခွေးပေါက်လေးဟာ သာမာန်မြေခွေးမဟုတ်ဘူးဆိုတာကို နားလည်လာတဲ့တ‌နေ့မှာ သူမ မြေခွေးပေါက်လေးကိုစမ်းသပ်ကြည့်လိုက်မိတယ်

"မီးသွေးကြောတွေပါလား မီးစွမ်းအင်နဲ့မွေးဖွားလာတာပဲ ဒိအတိုင်းဆိုကျင့်ကြံပြီး လူအဖြစ်တောင်ရောက်နိုင်တယ် နောက်တော့ နတ်ဘုရားဆိုတဲ့လမ်းကြောင်းကိုလဲသွားနိုင်မှာပဲ ဒါဆိုအသက်ရှည်ရှည်နေဖို့ဆိုတာကလဲ ပြသနာမဟုတ်တော့ဘူး "

သာမာန်အတိုင်းကြီးထွားမလာတဲ့မြေခွေးလေးကိုသတိပြုမိလိုက်လို့တော်သေးတယ် မဟုတ်ရင် သူမ ဒီအတိုင်းထားမိလိုက်လို့ မကျင့်ကြံပဲအရွယ်‌ေရာက်လာတဲ့အခါ  ဒီမြေခွေးလေးဟာသူ့ရဲ့မီးစွမ်းအင်သွေးကြော‌တွေပေါက်ကွဲပြီးသေရမှာပဲ

အဲ့အချိန်ကစပြီးရီနာနာအလုပ်ပိုရှုပ်လာတော့တယ် တပတ်တခါ မြေခွေးလေးကို ဆေးတိုက်တယ် ဆေးရည်နဲ့ရေချိုးပေးတယ် ညဘက်ရောက်ရင်လရောင်ခံစေတယ်

ဘာမှမသိသေးတဲ့မြေခွေးလေးကတော့ သူ့ပိုင်ရှင်နားမှာပဲ ခုန်ပေါက်ပြီးပျော်နေကာ သူမလုပ်ပေးသမျှကိုခံနေလေ့ရှိတယ် အဲ့လိုနဲ့ နေ့ပေါင်းများစွာ ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာကျော်ဖြတ်ပြီးနောက် တနေ့မှာ မြေခွေးလေးရဲ့အရွယ်ရောက်ခြင်းနေ့ရက်ကိုရောက်ရှိလာတော့တယ်

မြေခွေးလေးရဲ့တကိုယ်လုံးပူနေပြီး မခံနိုင်စွာ ပင်လယ်ထဲပြေးသွားပြီးရေစိမ်နေရတယ် ရီနာနာကတော့အဲ့မြင်ကွင်းကို သွေးအေးအေးနဲ့ပဲထိုင်ကြည့်နေတာပေါ့ မြေခွေးလေးက ‌အပေါ်တက်လာလိုက် သဲနဲ့လာလူးလိုက် ရေထဲပြေးဆင်းသွားလိုက်နဲ့ ညဘက်ရောက်လာလေပိုပူလာလေ နောက်တော့ လှုပ်ဖို့အားတောင်မရှိတော့ပဲ သူမခြေဖမိုးပေါ်မေးတင်ထားရင်းမှ နာကျင်လို့တအီအီသာလာအော်နေတော့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now