အပိုင်း(69) uni&zgi9

401 33 2
                                    

The Lengend of the blue sea

အပိုင်း(69)

"ဘယ်လိုဖြစ်လို့  ပေါ်သွားရတာလဲ"

"ဒိလိုပါပဲ"

သူမ ပြန်မဖြေချင်တဲ့ပုံနဲ့ ပြီးစလွယ်‌ဖြေလိုက်ကာ သူမရဲ့အမြှီးပြာလေးကိုအသာယမ်းရင်း စားလက်စ နေကြာစေ့ကိုပဲ ခွာစားရင်း ပွဲပဲဆက်ကြည့်နေလိုက်တော့တယ်

အနက်ဝတ်လူကလဲ သူမ ဆက်မပြောချင်တာသိတော့ ဆက်မပြောတော့ သူလဲပဲပွဲဖက်လှည့်လိုက်‌ေတာ့တယ်

"ကြွရောက်လာကြတဲ့ပရိတ်သတ်များအားလုံး မင်္ဂလာပါလို့ ဝံပု‌ေလွကိုး‌ေကာင်ဂိုဏ်းကနှုတ်ဆက်လိုက်ပါတယ် အခုအချိန်ခါမှာ ကျွန်တော်တို့ဖက်ကနေ လေလံတင်မဲ့ပစ္စည်းတွေကိုရော ဧည့်သည်တို့လေလံတင်ကြတဲ့ပစ္စည်းတွေကိုပါ လက်ခံ‌ထားပြီးပြီပဲဖြစ်ပါတယ်"

ဧည့်ခန်းအလယ်မှာ ရှိနေတဲ့ဒိုင်လူကြီးက သူ့ရဲ့လျှာအစွမ်းနဲ့အားလုံးကိုလှုပ်နိုးလိုက်တော့တယ်

"အားလုံးကိုတခုသတိပေးချင်တာကတော့ ဒီနေရာမှာ နတ်တပိုင်းအဆင့်နှစ်ဆယ်ကျော် နတ်ဝိဉာဉ်အဆင့်သုံးဆယ်ကျော်နဲ့ စိတ်ဝိဉာဉ်ဖြစ်တည်ခြင်းအဆင့် လေးဆယ်ကျော်က စောင့်ရှောက်နေတယ်ဆိုတာပါပဲ ပြောချင်တာကတော့ဗျာ အားလုံးပဲ စိတ်ကြိုက်‌ေရွးချယ်ဝယ်ယူလို့ရပါတယ် ဒါပေမဲ့ လုံးဝ လုံးဝ လုံးဝ မသမာမူ့လုပ်လို့မရဘူးဆိုတာပါပဲ တကယ်လို့ သိရှိခဲ့ရင် ချက်ချင်း ချွင်းချက်မရှိ သတ်ပါမယ် "

"ဟမ်?"

"အိုးးး "

"များလှချည်လား ဟမ် "

"သူတို့ငှားထားတာများလား"

"ဖြစ်နိုင်ပါ့မလား"

"အရေးကြီးပစ္စည်းပါလို့လား"

"ဒါဆို ငါတို့သတင်းရတာအမှန်ပဲလား"

အားလုံးတစ်ယောက်တစ်ပေါက်ဖြစ်နေချိန်မှာပဲ ဧည့်ခံပွဲရဲ့အလယ်မှာရှိနေတဲ့သူက ရုတ်တရက်‌ေပြာလာခဲ့တယ်

"အားလုံးလဲသိရှိပြီးသွားပြီဆိုတော့ အခုအချိနိကစပြီး လေလံပွဲစတင်ပါပြီခင်ဗျာ ပထမဆုံးလေလံပွဲမှာပွဲဦးထွက်လာတာကဝောာ့ ကိုးမြှီးအရိုးပြာမြက်ပါပဲ ခင်ဗျာ အားလုံးပဲ ဝိဉာဉ်ကျောက်တုံးတသောင်းကနေ စတင်လေလံဆွဲလို့ရပါပြီ "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now