အပိုင်း(85)uni&zgi

419 30 0
                                    

Moe yanant thin 080:
The Lengend of the blue sea

အပိုင်း(85) စီမာချင်းဖန်း

"ကိုယ်မင်းကိုချစ်တယ် ဒါပေမဲ့ လောကသစ်ပင်မှာ အချစ်နတ်ဘုရားမရဲ့နှလုံးသားမရှိလို့မဖြစ်ဘူး "

သူမကိုချစ်ပေမဲ့ သူမထက် လောကသစ်ပင်ကပိုအရေးကြီးတယ်ပေ့ါ

အဲ့အတွက်သူမနှလုံးသားကို အရှင်လတ်လတ်ထုတ်ယူခဲ့တာပေါ့

ရှင်တော်တော်ရက်စက်တဲ့သူပဲ

"ယန်ကျင်း ရှင်ကတော်တော်ရယ်စရာကောင်းတာပဲ အခု အဲ့နှလုံးသားမရှိတော့လို့ကျွန်မ မနာကျင်နိုင်တော့ဘူးလို့ထင်နေတာလားဟမ် ကျွန်မနာကျင်တယ် လူမှားပြီးချစ်ခဲ့မိလို့ လူမှားပြီးယုံကြည်ခဲ့မိလို့ လူမှားပြီးတော့ ပေးဆပ်ခဲ့မိလို့ ကျွန်မနောင်တရတယ် သုံးလောကကလူတွေကအဲ့လောက်ပဲအရေးကြီးနေလား လူတစ်ယောက်လုံးကိုဖျက်ဆီးပြီးယူရလောက်အောင် သူတို့ကတန်လို့လား ကျွန်မပြောမယ် ယန်ကျင်း ရှင့်လက်ထဲကကျွန်မနှလုံးသားကို တနေ့တော့ပြန်လာယူမယ် အဲ့နေ့ဟာ သက်ရှိအားလုံးပျက်စီးမဲ့နေ့ပဲ "

သူမ ရှန်းယာချောက်ထဲကိုခုန်ချလိုက်တယ် သူမရဲ့မှတ်ဉာဏ်တွေလဲပျက်စီး သူမရဲ့အသိစိတ်လဲပြိုကွဲ အသက်ပါသေသွားပါစေလို့ဆုတောင်းခဲ့မိတယ်

လူတစ်ယောက်ကိုချစ်တာ အရမ်းပင်ပန်းတာပဲ အဲ့လိုမှန်းသိရင် သူမသူ့ကိုလုံးဝချစ်ဖို့စိတ်ကူးရှိခဲ့မှာလဲမဟုတ်ဘူး

အားလုံးပြီးသွားပါစေတော့ မဟုတ်ရင် သူမနိုးထလာတာနဲ့သုံးလောကမှာရှိတဲ့လူအားလုံးကိုဖျက်ဆီးပစ်မယ်

အဲ့လိုနဲ့ ရှန်းယာချောက်ထဲကိုကျသွားတဲ့အချစ်နတ်သမီးက သဲကန္တာရတခုထဲကိုပြုတ်ကျသွားလေတယ် အဲ့သဲကန္တာရိကိုအုပ်ချုပ်တဲ့ဝံပုလွေကိုးကောင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဝံပုလွေနီက ကယ်တင်ပေးခဲ့တယ်

ဒါပေမဲ့ အသေကောင်အတိုင်းပဲ သူမဟာအခန်းထဲကထွက်မလာပဲ နေ့တိုင်းငိုင်နေခဲ့တယ် ဝံပုလွေနီကလဲ သူမကိုလွတ်‌ထားပေးခဲ့ပြီးတော့ အဲ့လိုနဲ့တလအကြာမှာ ဘာအစာမှမရှိတဲ့လီရီရီက အော့အန်ခြင်းတွေစတင်လာခဲ့တယ်

ရောက်လာစထဲက မျက်နှာအမူအယာသေနေတယ်ထင်ရတဲ့လီရီရီ ပထမဆုံးအကြိမ်အနေနဲ့ ပေါက်ကွဲထွက်လာတော့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now