အပိုင်း(98.)uni&zgi

377 27 1
                                    

Moe yanant thin 080:
The Lengend of the blue sea

အပိုင်း(98)

"သမီးလေးရဲ့အသက်မီးအိမ်ငြိမ်းသွားပြီ ယူရီ ! သမီးလေး သမီးလေး သေသွားပြီလားမသိဘူး"

"..........."

လီယူရီလဲ ကြေကွဲသွားပေမဲ့ ဝိုလျန်းကျောကိုပုတ်လိုက်ကာ

"အထင်မှားတာပဲဖြစ်မှာပါကွာ "

"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး တခုခုမှားနေတာသေချာတယ် သမီးလေးနားကိုသွားရမယ် သမီးလေးအကူအညီလိုရင်လိုနေမှာ "

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်လမ်းရှင်းပေးမယ်နော် "

ဝိုလျန်း သူမရဲ့ဆေးလုံးတွေကိုထုတ်လိုက်ကာ သူမရဲ့အကျော်ကြားဆုံးပန်းမိုးရွာသိုင်းကွက်နဲ့ ကောင်းကင်စစ်သည်တွေကိုတိုက်ခိုက်ပစ်လိုက်ကာ ရီနာနာကိုကယ်တင်ဖို့အပြေးအလွှားသွားလိုက်တော့တယ်

အဲ့အချိန်မှာ ရီနာနာကတော့ လောကအချစ်သစ်ပင်ရဲ့ဝါးမျိုးခြင်းကိုခံ‌ေနရပါတယ်

သူမ အန္တရာယ်ကိုမခံစားမိပေမဲ့ ရုတ်တရက်ကြီး သူမသေဆုံးသွားသလိုခံစားချက်ရလာခဲ့တယ်

"မကြောက်ပါနဲ့ မိန်းကလေး ကိုယ်က ဒ္ီလောကအချစ်သစ်ပင်ကိုစောင့်ရတဲ့နတ်ဘုရားပါ ဒီလောကအချစ်သစ်ပင်က မင်းကိုအမွေဆက်ခံသူအဖြစ်ရွေးချယ်လိုက်ပါပြီ လက်ခံလိုပါသလား"

ရီနာနာ မျက်မှောင်ကြုတ်လိုက်တယ် န‌ှစ်ထောင်ပေါင်းများစွာ သူမ ဒီနေရာမှာနေလာခဲ့တာ တခါမှ ဒီသစ်ပင်ကစကားလာပြောမခဲ့ဖူးဘူး

ဒါက အလိမ်အညာများဖြစ်နေမလား

ရီနာနာတွေးလိုက်တာကို သစ်ပင်စောင့်နတ်ဘုရားကကြားသွားပုံပဲ

"စိတ်မပူပါနဲ့ ဒါက အလိမ်အညာမဟုတ်ပါဘူးမိန်းကလေး ဒီသစ်ပင်က မင်းကိုဘာလို့ ဆက်ခံသူအဖြစ်ရွေးချယ်ရလဲဆိုတာ အကြောင်းပြချက်ရှိပါတယ် မိန်းက‌လေးမင်းနားထောင်ချင်လား"

"ပြောပါဦး"

ဘာရွေးချယ်စရာမှမရှိတဲ့ ရီနာနာက မတတ်သာပဲနားထောင်ဖို့ခေါင်းငြိမ့်ပြလိုက်ရတယ်

"မင်းက ဒီလောကအချစ်သစ်ပင်ရဲ့စမ်းသပ်ချက်ကိုအောင်မြင်သွားခဲ့လို့ပါပဲ"

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now