အပိုင်း(70) uni&zgi

401 21 1
                                    

The Lengend of the blue sea

အပိုင်း(70)  ရတနာခြောက်ပါးမြက်ပင်

"စိတ်ဝိဉာဉ်ကျောက်တုံး တသန်းခွဲ "

"တသန်းခြောက်သောင်း"

"နှစ်သန်း"

"သုံးသန်း"

"ငါးသန်း"

"ငါးသန်းနှစ်သိန်း "

နောက်ဆုံးမှာ ခြောက်သန်းအထိရောက်လာခဲ့တယ်

သူမ တွေးမိတာတခုက

-တိုင်တန် အဲ့အသိစိတ်ကိုဘယ်သူမှမသိစေပဲ သွားစုပ်ယူလိုက်လို့ရလား-

-ရတယ်မေမေ ပိုနီးရင် ပိုအဆင်ပြေတယ် -

‌-ကောင်းပြီ -

ရီနာနာ နေကြာစေ့ကိုပဲ ဆက်ခွာစားနေပေမဲ့ သူမအကြည့်တွေ‌ကတော့ ဖီးနစ်ပန်းပွင့်ပေါ်မှာပဲ

သူမ လေလံမဆွဲနိုင်ရင် လုယူမယ် တွေးကြည့်ရင် လုယူတာက အစီအစဉ်ပိုကောင်းတယ်

သူမလေလံနိုင်လဲ အားလုံးရဲ့ပစ်မှတ်လံုးလံုးဖြစ်သွားနိုင်တယ်လေ လေလဲမဆွဲပဲ သူမမှောင်ရိပ်ထဲမှ‌ာနေရင် အခွင့်သင့်တဲ့အခါ ဘယ်သူမှမသိအောင်လုယူနိုင်မှာပဲ

ပြီးတော့ သူမမှာ လူမသတ်ရဆိုတဲ့စည်းမျဉ်းကြီးကလဲရှိနေပြန်တော့ ဒီအစီအစဉ်ကပိုကောင်းတယ်

နောက်ဆုံးတော့ ဖီးနစ်မီးပန်းပွင့်ကို ပိုက်ဆံချမ်းသာတဲ့အဖွဲ့တဖွဲ့ကအနိုင်ရရှိသွားလေတယ်

ဆယ့်နှစ်သန်းများတဲ့ပမာဏမဟုတ်ပေမဲ့ သူမလဲ မတတ်နိုင်တဲ့ပမာဏမျိုးတော့လဲမဟုတ်ပါဘူး

သူမရဲ့အိတ်ထဲကတခုခုသာထုတ်လာလိုက်ရင်အဲ့ဒါတွေထက်ပိုပြီးတန်ဖိုးရှိတာကိုတောင်လဲလှယ်လို့ရဦးမယ်

ဒါပေမဲ့ သူမအဲ့ဒါတွေကိုထုတ်ပြလိုက်ရင်လဲ သူတို့ရဲ့ပစ်မှတ်ထပ်ဖြစ်သွားဦးမှာပဲ

အဲ့လိုဆိုရင် သွေးထွက်သံယိုမဖြစ်ပဲပြီးမှာမဟုတ်ဘူး

လူလူချင်းဘယ်လောက်သတ်သတ်ကောင်းကင်ကြီးဘာမှဝင်မစွက်ဖက်ပေမဲ့ တခြားဘုံလောကကသက်ရှိတွေပါရောပါလာရင်တော့ ကောင်းကင်ကြီးရဲ့ကန့်သတ်ထားတဲ့စည်းမျဉ်းတွေကအသက်ဝင်လာလိမ့်မယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now