အပိုင်း(76)uni&zgi

426 24 1
                                    


The Lengend of the blue sea

အပိုင်း(76)အချစ်နတ်သမီးက ချစ်တတ်လာအောင် တလောကလုံးရဲ့နှလုံးသားကိုခိုးယူခဲ့တယ်

တချိန်လုံး သူလေးစားအားကျရတဲ့အမျိုးသမီးလေးက သူ့ရဲ့ချစ်သူဖြစ်လာမယ် ဒါမှမဟုတ် သူ့ရဲ့သွေးကိုလွယ်ထားမယ်ဆိုတာ တခါမှတောင် မစဉ်းစားရဲခဲ့ဘူး

ဒါပေမဲ့လဲ အဲ့ဒါအားလုံးဟာအမှန်ဖြစ်လာပြီး သူကိုယ်တိုင်ပဲ သူမကိုစွန့်လွှတ်ခဲ့ရတယ်

သူမ နတ်ပြည်ကနေခုန်ဆင်းသွားတုန်းက အကြည့်ကို ခုထိမှတ်မိသေးတယ်

သံယောဇဉ်မဲ့တဲ့အကြည့် နာကြည်းတဲ့အကြည့် တလောကလုံးကိုဖျက်ဆီးလိုတဲ့အကြည့်မျိုးနဲ့ပေါ့

သူလဲ ဘာမှမလုပ်နိုင်ခဲ့ဘူး

ဘာလို့လဲဆိုတော့ သူမရဲ့ချစ်တတ်သွားတဲ့နှလုံးသားက သူ့လက်ထဲမှာပူနွေးစွာခုန်လှုပ်နေခဲ့လို့ပါပဲ

ဘာလို့အဲ့လိုဖြစ်ခဲ့ရတာလဲ ?

အချစ်နတ်သမီးက တလောကလုံးကိုအချစ်တွေဖြန့်ပေးရပေမဲ့ သူမကိုယ်တိုင်ကတော့ အချစ်နတ်သမီးဖြစ်မလာခင် သူမရဲ့နှလုံးသားကိုဆွဲထုတ်ပြီးလောကအားလုံးရဲ့အချစ်သစ်ပင်အဖြစ်စိုက်ခဲ့ရတယ်

ဒါကြောင့်ပဲ ပြောရမယ်ဆိုရင် သူမက မချစ်တတ်ဘူး

သူမရှေ့မှာ ဘယ်လောက်ချစ်ပြပြ သေကွဲကွဲပြပြ ဒါမှမဟုတ် စွန့်လွတ်ပြီးချစ်ပြကြရင်တောင် မျက်နှာသေနဲ့ပဲကြည့်နေလိမ့်မယ်

ဘာလို့လဲဆိုတော့ သူမ မချစ်တတ်တော့လို့ပါပဲ

သူမလုပ်စရာကသုံးလောကကသတ္တဝါတွေကို အချိန်ကိုက်မှာချစ်မိသွားအောင်လုပ်ပေးဖို့ပါပဲ

ပြီးရင်တော့ အချစ်သစ်ပင်မှာဖြစ်‌ပေါ်လာတဲ့ အသီးအပွင့်တွေကိုရိတ်သိမ်းပြီး သူမကိုယ်သူမအားဖြည့်တယ် တန်ခိုးကြွယ်အောင်လုပ်တယ် အဆင့်မြှင့်တယ် ပြီးတော့  အချစ်ကြောင့်ဖြစ်လာတဲ့မုန်းခြင်းငိုခြင်းရင်နာခြင်းကွဲကြေခြင်းတွေကိုအတိအကျရောနှောပြီးဖူးစာကြိုးကိုကျစ်‌ပေးရတယ်

ပြောကြတာက အချစ်နတ်ဘုရားမရဲ့လက်သူကြွယ်မှာ ဖူးစာကြိုးမရှိဘူးတဲ့ ဒါကြောင့် အချစ်နဲ့မဆက်နွယ်နိုင်တဲ့တဦးတည်းသောနတ်ဘုရားမလို့ပြောကြတာပေါ့

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now