အပိုင်း(33)

644 33 0
                                    

🌿The legend of the blue sea

အပိုင်း(33) အရမ်းလှတဲ့ရေဘုရင်က ပေ့ထန်ကိုစကားနှိုက်ကာတောင်းဆို

"နတ်စစ်သူကြီးလက်ထဲ နာ့နာကိုအပ်ပါတယ် ညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးပါဦး "

နူးညံ့ချိုသာစွာ ပြောလာတဲ့ရေဘုရင်ရဲ့စကားထဲက အဓိပ္ပာယ်ကို သဘောပေါက်တဲ့လျိုချင်းက အသာရယ်တယ်

"ကျွန်တော်မျိုးလုပ်သင့်တာပါ ရေဘုရင် အရမ်းမစိုးရိမ်ပါနဲ့  ဒါပေမဲ့......    စောနထဲက ချဉ်စူးနေတဲ့အနံ့ထွက်နေတာ ရေဘုရင်နားကကို အခုမှပဲသိတယ် "

"..........."

ရေဘုရင်ခမျာ သူ့ရဲ့သဝန်တိုမူ့ကို ‌ဗြောင်ဖွင့်ထုတ်ခံလိုက်ရလို့ မျက်နှာတို့နီရဲသွားခဲ့တယ်

"အဟမ်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်တောင်းဆိုထားတာမမေ့ပါနဲ့ "

"ကောင်းပါပြီ"

သူတို့အခန်းကပြန်လည်ငြိမ်သက်သွားခဲ့တယ်

နာနာလဲ ထွက်သွားပြီမို့ ရေဘုရင်မှာ နဂိုတည်ငြိမ်အေးဆေးပြီးနူးညံ့တဲ့အသွင်ကပြန်ပေါ်လာလေရဲ့

နတ်သူငယ်ပုံစံလေးနဲ့ဆိုတော့အရမ်းကို လှပလို့နေရော

ရေဘုရင်က ယောကျာ်းလေးတစ်ယောက်ဖြစ်တာကြောင့် အနေအထိုင်သိပ်မသေသပ်ခဲ့

အခုလဲ ခြေတဖက်ကထောင်ထားပြီး တဖက်က ဆင်းထားတာကြောင့် သူ့ရဲ့ကောက်ကြောင်းကိုအတော်လေးပေါ်လွင်နေစေတယ်

အဲ့မြင်ကွင်းက ပေ့ထန်အခန်းထဲဝင်လာတဲ့အခါ တန်းတိုးတော့တာပဲ

"ဝမ်ဝမ် "

အနူးညံ့ဆုံးလေသံနဲ့ခေါ်လိုက်ပေမဲ့ ရေဘုရင်နားထဲမှာတော့  သေမင်းခေါ်သံလိုပဲ ထိတ်လန့်သွားခဲ့တယ်

သူခပ်မြန်မြန်ပဲ မျက်ဝန်းပြာ‌တို့ကိုအောက်စိုက်ထားလိုက်တယ်

မဟုတ်ရင် သူ့မျက်ဝန်းထဲက လူသတ်လိုတဲ့အငွေ့အသက်တွေကို ပေ့ထန်မြင်သွားလိမ့်မယ်

အဲ့ဒီအခါ နာနာတို့ရဲ့စောင့်နေရတဲ့အချိန်တွေအလကားဖြစ်ကုန်မှာ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now