15.zgi

635 13 1
                                    

🌿The Lengend of the blue sea

အပိုင်း(15)လက်စားချေမူ့ရဲ့အစ အပြစ်ပေးခြင်းရဲ့နတ်ဘုရား

ဒီလိုရင်းနှီးနေတဲ့မျက်နှာသွင်ပြင်က ?

"စုန့်အာ မင်းက ဒီဘုရင်မအ‌ပေါ်လေးစားမူ့တစက်‌တောင်မရှိတော့ဘူးပဲ အေးပေါ့လေ အဲ့လိုကြောင့်လဲ ချောက်ကမ်းပါးကတွန်းချခဲ့တာပေါ့ ဟုတ်တယ်မလား"

"အ..အရှင်မလား"

"ဟားဟားဟားးး စုန့်အာ မင်းကဒီဘုရင်မကိုတောင်မေ့သွားပြီပဲ ကောင်းပြီလေ ဒီနေ့မင်းအသက်ကိုယူပြီး ငါ့တိုင်းပြည်မှာမင်းလုပ်ပြီးအုပ်ချုပ်နေတဲ့မင်းတို့ရဲ့ဘုရင်ကိုပြောလိုက်ကြ ဒီနေ့ကစပြီး ရီဘုရင်မပြန်လာပြီလို့ ဟားဟးဟားးး"

စုန့်ယောင်ကိုသူမခေါ်ဆွဲလိုက်တယ်

သူမကိုတိုက်ခိုက်လာကြတဲ့ရဲမက်အပေါင်းကိုတော့ တိုင်တန်ခရင်းခွနဲ့လွှဲရမ်းတိုက်ခိုက်လိုက်တယ်

အသားစတစတောင်မကျန်ဘူး

သူမရဲ့သတင်းစကားတွေကိုပြန်ပြောပေးမဲ့ လူတစ်ယောက်ကိုသာချန်ထားလိုက်ပြီး ကျန်တဲ့သင်္ဘောအားလုံးကိုရေအောက်ထဲဆြဲချပစ်လိုက်တယ်

စုန့်ယောင်ကိုတော့ သူမလက်ထဲအရှင်လတ်လတ်ဖမ်းခေါ်သွားတော့တယ်

နာကျင်မူ့အမျိုးမျိုးနဲ့ကုန်းပေါ်မှာရောရေအောက်မှာပါ လူမှန်းသူမှန်းမသိအောင် စုတ်ပြတ်သတ်ခဲ့ရတာ သူတို့ကြောင့်လေ

ဒါကြောင့်သူမဒေါသကိုဖြေရမယ်

အသားကိုတတိတိဖြတ်ရင်း အရေခွံတို့ကိုတဖြေးဖြေးခွာယူရင်း သူမရဲ့ဒေါသတွေကိုဖြေရမယ်

ဘယ်လောက်ကောင်းလိုက်သလဲ

သူမနာကျင်ခဲ့ရသလောက် အတိုးချပြီးပြန်ပေးတော့မှာ

အရမ်းပျော်ဖို့ကောင်းတာပဲ

‌စက္ကူတရွက်လိုဖွေးဆုတ်နေတဲ့ စုန့်ယောင်ကိုလည်ပင်းမှကိုင်ထားကာ ပင်လယ်ရေနက်ထဲသူမပြန်လည်ဆင်းသက်သွားခဲ့တယ်

နှလုံးသားတနေရာက ကျေနပ်တယ်လို့ပြောနေပေမဲ့ အသိစိတ်တနေရာကသူမကိုရက်စက်လွန်းတယ်လို့ပြောနေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now