31.zgi

129 6 1
                                    

🌿🌿The legend of the blue sea

အပိုင်း(31) လွမ်းဖျားလွမ်းနာ အချစ်ကျိန်စာ

ရီနာနာ သူမခါးကျိုးတော့မယ်လို့ထင်နေမိပြီ

ဆယ့်နှစ်ရက်ဆက်တိုက် သွေးအန်ထားတယ်ဆိုတဲ့သူက ဒီလောက်အားအများကြီးကျန်သေးတယ်လား

"အွတ် အွတ် အဟွတ် ‌ကျန်းဟို ကျွန်မခါးကျိုးတော့မယ် "

သူမ ရုန်းကန်လိုက်ပေမဲ့ သူကတော့ အသိမရှိတဲ့သူအလား

သူမကိုသာဖက်တွယ်လို့ထားတယ်

သူမက အိပ်ရာပေါ်မှာ နေမသာထိုင်မသာတဲ့အခြေအနေမျိုးနဲ့

"အဟွတ် ကျန်း...ကျန်းဟို အု... အ အွန်းးးး "

ရီနာနာ သူ့ကို အနဲငယ်ရိုက်ပုတ်လိုက်ပြီး ရုန်းထွက်လိုက်တယ်

ဒါပေမဲ့ အဲ့လိုလုပ်လိုက်တဲ့ခနမှာပဲ ရေဘုရင်က သူမနှုတ်ခမ်းသားများကို နမ်းရှိုက်ရုံမက ကိုက်ဆွဲလာခဲ့တယ်

သူမ နာကျင်သွားပြီး မျက်ရည်တွေပါဝဲလာခဲ့လေရဲ့

ရေဘုရင်က ပုံမှန်ဆို ‌တည်ငြိမ်အေးဆေးပြိး သူမလိုချင်သမျှကို လိုက်လျောတတ်တဲ့ ပုံစံမျိုး

အခုလို ကြမ်းတမ်းတာ ပိုင်ဆိုင်လိုစိတ်ကြီးမားတာ ဒီလိုအရိုင်းဆန်တဲ့ပုံကိုပြသလာတာကိုမြင်ဖူးတာ သူမအတွက်ပထမဆုံးပဲ

အခုတော့ သူက အမေပျောက်လို့ အားကိုးရာမဲ့နေတဲ့ ကလေးငယ်လေးနဲ့ အလားသဏ္ဍန်တူတယ်

သူမကို တင်းကျပ်စွာဖက်ထားတယ် အားကိုးလိုတဲ့ပုံပြတယ် သူမကိုအဆုံးရှုံးမခံနိုင်တဲ့ဟန်မှာရှိတယ်

ရုတ်တရက်ကြီး ရီနာနာမှာ ကလေးတစ်ယောက်ကောက်ရသွားသလိုပဲ တွယ်တွယ်တာတာ တီတ်ီတာတာ မပြောပေမဲ့ သူမအပေါ်မှီခိုလိုတာကိုခံစားရတယ်

အဲ့လိုတွေးလိုက်တဲ့ခနမှာ သူမရင်ထဲ ပြင်းထန်တဲ့လှိုင်းလုံးတခုဖြတ်သန်းသွားသလိုပဲ

ရင်ထဲမှာ လှိုက်မောသွားပြီး နွေးထွေးတဲ့စီးကြောင်းတခုက နှလုံးသားထဲပေါက်ဖွားလာခဲ့လေရဲ့

ရေဘုရင်ကကြမ်းတမ်းစွာပြုမူနေပေမဲ့ သူမကတော့ အကာကွယ်ခံလေးလို့ပဲမြင်တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now