အပိုင်း(80)uni&zgi

410 28 0
                                    


The Lengend of the blue sea

အပိုင်း(80) သူမဘာလို့ဒီလမ်းကိုရွေးခဲ့မိတာလဲ ? (2)

ကောင်းကင်မင်းကြီး သူ့ကိုဝိုင်းထားတဲ့လူတွေကိုမကြည့်အားသေး သူ့ပါးစပ်က ‌ေ‌ကာင်းကင်စစ်သည်တော်တွေအားလုံးကို သူ့သားခုန်ချသွားရာနေရာကို လိုက်ခုန်ချပြီး ဖြစ်တဲ့နည်းနဲ့ကယ်လာဖို့အမိန့်ပေးနေခဲ့ပါတယ်

အမိန့်ရလိုက်တဲ့ကောင်းကင်စစ်သည်အချို့လဲ မထူးဇတ်ခင်းကာခုန်ချသွားကြပါတော့တယ်

အဲ့လိုနဲ့ရှန်းယာချောက်ကမ်းပါးဟာ တနေ့ထဲမှာတင် နတ်ဘုရားအများကြီးခုန်ဆင်းကြတဲ့နာမည်ကြီးနေရာတခုဖြစ်လာပါတော့တယ်

ကောင်းကင်မင်းကြီးက ဝိုလျန်း လီယူရီ လီယူလျန်းတို့နဲ့ တိုက်ခိုက်နေရပြီး သုံးယောက်တယောက်မို့လုံးဝမခံသာဖြစ်နေခဲ့တယ်

ရုတ်တရက်ကြီး အပြစ်ပေးပွဲဟာ ပုန်န်တော်လှန်တဲ့ပွဲကြီးဖြစ်သွားပါတော့တယ်

ရီနာနာ ကျောက်စိမ်းပြားကိုဆုပ်ကိုင်လိုက်တယ်

သူမ လုံးစေ့ပတ်စေ့ကြီးနားမလည်ရင်တောင် ဝိုလျန်းနဲ့လီယူရီဟာ သူမရဲ့မိဘနှစ်ပါးဖြစ်တယ်ဆိုတာကိုတော့သိပါသေးတယ်

ဘယ်လောက်ပဲအအ  ဘယ်လောက်ပဲတုံးပါစေ သူမ အကျဉ်းချုပ်ကိုတော့သိလိုက်တာပါပဲ

"အဲ့တော့ ဟုန်ဟုန်က ဘယ်လိုလုပ်ပြီးဒီလိုဖြစ်သွားရတယ်ဆိုတာပေါ့"

ကြည့်ရတာ သူမ ခုန်ချတဲ့အခါ ကလေးရှိနေတာကိုမသိခဲ့ဘူးပေါ့

သူမ ဘယ်လိုအသက်ရှင်ပြီးဘယ်လိုကလေးမွေးလိုက်တယ် ဘယ်လိုအတိတ်မေ့သွားတယ်ဆိုတာက သူမရဲ့ပဟေဠိဖြစ်လာတော့တယ်

သူမ စားပွဲပေါ်ကတိုင်တန်ခရင်းခွလေးကိုကြည့်ပြီးလက်ဆန့်ကာအသာပွတ်သပ်လိုက်တယ်

ကြည့်ရတာ သူမ အရမ်းကိုတုံးအခဲ့တဲ့ပုံပဲ

ဘာလို့ အချစ်နတ်ဘုရားမဖြစ်ချင်ခဲ့ရတာလဲ

ဘာလို့များ အဲ့လိုလူလိမ်ကောင်ကိုချစ်ဖို့အတွက် သေလောက်အောင်နာကျင်မူ့ကိုခံစားခဲ့ရတာလဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now