ch.14.zgi

289 13 1
                                    

🌿 The legend of the blue sea

အပိုင်း(14) မိတ်ဆွေဟောင်းနဲ့ပြန်တွေ့ခြင်း

ဟေးလုံ ထိရှသွားပြီး အကူအညီတောင်းတဲ့အနေနဲ့ ရေဘုရင်ကို မျက်နှာရိပ်အကူအညီတောင်းလိုက်တယ်

ဒါပေမဲ့ သူ့ကိုသေတွင်းထဲကန်ချခဲ့တဲ့ဟေးလုံကိုရေဘုရင်က အခွင့်သင့်တုန်းပြန်ရောင်းစားပစ်လိုက်တော့တာပဲ

"ကောင်းပြီ"

အဲ့တာမှ ရီနာနာလဲစိတ်ကျေနပ်သွားတော့တယ်

သူမက လှပတဲ့မျက်ဝန်းပြာများမှေးစင်းကာရေဘုရင်ကိုကြည့်လိုက်ရင်း

"ဒါဆို ကျွန်မတို့မင်္ဂလာဆောင်ပြီသွားပြီပေါ့ ကြာပြီလား"

"အာ ဟုတ် ဟုတ်တယ် ဆောင်‌ပြီးသား"

အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ရေဘုရင်ကို ရီနာနာ‌ကြင်နာစွာတချက်ကြည့်လိုက်ပြီး သူ့မေးကိုပင့်မော့လိုက်ကာ

"ကောင်းပြီ ယောကျာ်း ကျွန်မရှင့်ကိုကြင်နာပါ့မယ်"

ရေဘုရင်"..........."

အဲ့ဒါသူပြောရမဲ့စကားမဟုတ်ဘူးလား

ပြောင်းပြန်ကြီး

ရုတ်တရက် သူက ဇတ်လိုက်မင်းသမီးရဲ့မောင်းထီးဆောင်ထဲကျရောက်သွားသလိုခံစားလိုက်ရတယ်

သူလိုနေတာတခုထဲ

‌သူမကိုပြုံးပြပြီး

"ဒါဖြင့်အားကိုးလိုက်တော့မယ်နော်" လို့ပြောရုံသာကျန်တော့တာ

သူနားရွက်များရဲတက်သွားကာ တကိုယ်လုံးပူလာခဲ့တယ်

ရုတ်တရက်ရှက်သွေးဖြာသွားတယ်?

ရူးသွားပြီလား

ထစမ်း နိုးလိုက်တော့

သူမရှေ့ရောက်ရင်ဒီလိုကြီးပဲ

အမြဲပါးစပ်လေးဟပြီး ကြောင်တောင်တောင်လေးဖြစ်လိုက်ရမှ

တကယ်တော့ရီနာနာဟာ‌
တခြားဘာမှထွေထွေထူးထူးစဉ်းစားနေတာမဟုတ်ပေ

နူးညံသိမ်မွေ့ယဉ်ကျေးစွာနေထိုင်လာခဲ့ပြီးနောက်ပိုင်း
ယခုလိုသစ္စာဖောက်ခံလိုက်ရပြီးနောက်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now