အပိုင်း(8)zgi

401 10 0
                                    

🌿The legend of the blue sea

အပိုင်း(8) ဝိုင်းရံလာတဲ့အင်အားစုများ

အားလုံးရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန် အ‌ဓိကတရားခံကတော့ သလွန်ထက်မှာနာကျင်လွန်းလို့လူးလှိမ့်နေရတယ်

နဂါးနက်က ပါးစပ်ဟောင်းလောင်းဖြစ်နေပြီး

ရေဘုရင်ကတော့ စိုးရိမ်နေတဲ့အမူအယာဖြစ်လို့နေတယ်

သူ့လိုသေးငယ်တဲ့ရေတိုင်းပြည်အဖို့ တိုင်တန်ခရင်းခွကို ဘယ်လိုတောင်သိမ်းဆည်းလျို့ဝှက်ပြှးဖွက်ထားရသလဲဆိုတာ အခုနှစ်တွေမှာသေဆုံသွားခဲ့တဲ့သူ့ရဲ့လူတွေကသက်သေပဲ

အခုတော့ မထင်မှတ်ပဲ သူမကအဲ့ဒါကိုဖျက်ဆီးပစ်လိုက်ပြီ

အားလုံးလိုချင်နေတဲ့ တိုင်တန်ခရင်းခွကသာ သူမကိုသခင်အဖြစ်အသိအမှတ်မပြုခဲ့ရင် ရေတိုင်းပြည်ဟာ သေချာပေါက်ပျက်စီးရလိမ့်မယ်

အခုလိုသူမရဲ့ပုံနဲ့ တိုင်တန်ခရင်းခွကိုပိုင်ဆိုင်ခဲ့ရင်တောင် အသက်ဆက်ရှင်ဖို့အာမခံချက်မရှိသလို သူ့ရဲ့တိုင်းပြည်ကိုလဲကာကွယ်ပေးနိုင်ဖို့ကမသေချာဘူး

သူအသည်းအသန်စဉ်းစားနေတဲ့အချိန်မှာပဲ နဂါးနက်က သူ့လက်ကိုလျှပ်တပြက်လှုပ်ရှားကာ သူမကိုသတ်ဖို့ကြိုးစားလိုက်တယ်

"ဟေးလုံ ! မင်း ! ဘာလုပ်တာလဲ"

တားဆီးခံလိုက်ရတဲ့နဂါးနက်ကလက်မလျော့သေးပဲ သူမကိုသာသတ်ဖို့အကြိမ်ကြိမ်ကြိုးစားလို့နေတယ်

အကြိမ်တိုင်းလဲ ရေဘုရင်ရဲ့ကာကွယ်မူ့ကြောင့်ရှုံးနိမ့်သွားရတာချည်းပဲ

"ဟေးလုံ ! ရပ်လိုက်စမ်း"

"အရှင် သူမကိုသတ်မှရပါမယ် အဲ့ဒါမှ တိုင်တန်ခရင်းခွက ပြန်လည်ငြိမ်သက်သွားလိမ့်မယ် ဒါဆိုရင် ရေတိုင်းပြည်ကိုသာမက အရှင်ပါ အန္တရာယ်ကင်းပြီ အရှင်သေချာစဉ်းစားပါဦး အရှင်ရဲ့အချစ်အတွက်နဲ့ ရေတိုင်းပြည်ကိုစတေးဝံ့လို့လား တိုင်တန်ခရင်းခွကိုကာကွယ်ဖို့ ကျွန်တော်မျိုးရဲ့မိသားစုဝင်တွေကိုပါစတေးထားရတာ မဟုတ်မှ အဲ့ဒါတွေကိုတကယ်ဂရုမစိုက်ဘူးလား အရှင် ကျွန်တော်မျိုးကိုအားနာပြီးတော့ပဲဖြစ်ဖြစ် သူမကိုသတ်သင့်တယ် "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now