ch.48.uni

507 27 0
                                    

The Lengend of the blue sea

အပိုင်း(48) နတ်ဆေးသမားတော်ဝိုလျန်း

"ခွီးးးးး ဟီးဟီး မင်းရဲ့ဗရမ်းဗတာဗရုတ်သုတ်ခပုံစံလေးက အရမ်းရယ်ချင်စရာပဲ "

"အဲ့တိုင်းပဲကြည့်နေတော့မှာလား လာထူဦး ပင်လယ်ရေစိမ်ဖို့လိုတယ် "

ရိရန်က သူ့ရယ်ကြောကိုဖြတ်ကာ သူမလာထူမပေးတယ ်

လာမပေးတဲ့ပုံစံကလဲ ဂျိုင်းကနေမပြီးတော့ လက်တဖက်ထဲနဲ့မထားလေတယ်

"......... "

အဲ့လိုကြီးမ'ထားရအောင် ငါက တိရစ္ဆာန်လား

ခနနေတော့ ရီနာနာခမျာ တကယ်ကြီး ရေချိုးတဲ့စည်ပိုင်းထဲပစ်ထည့်ခံလိုက်ရလေတယ်

သူမကိုစည်ပိုင်းထဲထည့်ပြီးတာနဲ့ ရိရန်ကပြေးပါလေရော

သူမတောင်ဘာမှမပြောရသေးဘူး

ဟဲ့ ငါကမိန်းက‌လေးလေ နင်ကဘာလို့ပြေးနေရတာလဲ

ရီနာနာ ခေါင်းပဲခါလိုက်တေ့ာတယ်

နှစ်တသိန်းလူပျိုကြီးကိုသူမလဲစိတ်မဝင်စားသလို မဆွဲဆောင်ချင်ပါဘူးနော်

သူမ ပင်လယ်ရေကို ရောနှောလိုက်ပြီးချိုးလိုက်မှ သူမရဲ့အမြှီးတွေကိုခြေထောက်အဖြစ်ပြန်ပြောင်းလို့ရသွားတော့တယ်

သူမ မော့ကျန်းဟိုကိုသတိရလိုက်ပေမဲ့ သူမ တိုင်တန်ရဲ့အသိစိတ်အားလုံးကိုပြန်ရှာနိုင်မှပဲပြန်တော့မယ်လို့တွေးလိုက်တော့တယ်

ရေချိုးပြီးတော့ သူမ တိုင်တန်နဲ့စကားပြောနေတုန်း ရိရန်ရောက်လာလေတယ်

"နတ်ဆေးသမားတော်ရောက်လာပြီ"

"ဟမ် မြန်လိုက်တာ "

"အပြင်ထွက်လာခဲ့"

"ကောင်းပြီ"

သူမရဲ့မျက်ဝန်းတို့တောက်ပလင်းလက်နေလာတယ်

နတ်ဆေးသမားတော်တဲ့လား?

အဲ့က‌လေးကိုကယ်နိုင်လားဆိုတာ အဲ့နတ်ဆေးသမားတော်အပေါ်ပဲ မူတည်နေပြီဆိုတော့ အမှားခံလို့မရဘူး

သူမ ကြံရည်ရောင်ပိုးဝတ်စုံလေးကို ဝတ်ထားပြီး ရေချိုးပြီးခါစ ဆံနွယ်ရှည်တွေကိုလဲ ဒီအတိုင်းဖြန့်ချထားခဲ့လေတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now