အပိုင်း(62)uni&zgi

449 23 1
                                    

The Lengend of the blue sea

အပိုင်း( 62) ပျံသန်းမျိုးနွယ်စုရဲ့ရတနာ

ကမ္ဘာတောင်ဖျက်တော့မတတ် အင်အားကြီးနေတဲ့တိုင်တန်နဲ့ဒီတိုင်တန်က တခုထဲဆိုတာသေချာလား

သူမ နားမလည်နိုင်မူ့များစွာက စိတ်ထဲဝင်ရောက်လာပြန်တယ်
ပြီးတော့ ခေါင်းထပ်ကိုက်လာတယ်
အဆုံးမှာတေ့ာ ရီနာနာ ထပ်မေ့လဲသွားပြန်တယ်

သူမ မသိလိုက်တာက ရိရန်ရောက်လာပြီး သူမနဲ့ထပ်တိုက်ခိုက်ရပြန်ကာ ဘယ်သူမှမထိခိုက်အောင် အဝေးကိုမျှားခေါ်သွားခဲ့ပြီး တနေရာမှာစိတ်ရှိလက်ရှိပေါက်ကွဲစေခဲ့တယ်ဆိုတာကိုပဲ

သူမ ထပ်နိုးလာတော့

သူမပတ်ဝန်းကျင်က အပင်တွေမွစာကြဲပျက်စီးနေပြီး ရေကန်‌ေတွတောင် ထက်ခြမ်းကွဲနေခဲ့တယ်

ရီနာနာ ။ ။ "........."

သူမနဲ့ပတ်သတ်ပြီး ဘာမှားနေတာလဲ?

သူမရှုပ်ထွေးနေဆဲ ရိရန်ကလဲ ပေပွကာ ဒဏ်ရာဗရပွထပ်‌ဖြစ်နေပြန်ပြီ

ရေမှန်ကြည့်လိုက်တာကြောင့် သူမသိလိုက်တယ် ဒီတခေါက်လဲ သူမ ထပ်ပြီးစိတ်လွတ်ပြန်ပြီဆိုတာကိုပေါ့

"ရိရန် "

"အင်း"

"ငါဘာဖြစ်သွားတာလဲ ဘာကြောင့်အဲ့လိုဖြစ်နေတာလဲ"

"......."

ဘာမှပြောမလာပေမဲ့ ရိရန်နှုတ်ဆိတ်နေတာ ပုံမှန်တော့မဟုတ်ဘူး

"ရှင်သိတယ်ဆိုတာ ကျွန်မသိတယ် ပြောပြ ရိရန် အမှန်အတိုင်းကျွန်မကိုပြောပြ မဟုတ်ရင် ဒီထက်ပိုပြီး ဆိုးဝါးတာတွေဖြစ်လာမှာကိုကြောက်တယ် "

သူမဘေးကလူတွေကိုထိခိုက်အောင်လုပ်မိရင် ဒါမှမဟုတ် သတ်မိရင် ဒါက သူမကိုပိုပြီးဆိုးဝါးလာစေလိမ့်မယ်

"ဒါက ...... "

"ရိရန် ! "

"မင်း တိုင်တန်ရဲ့အသိစိတ်တွေကိုသာအရင်ရှာသင့်တယ်"

"ဘာဖြစ်လို့လဲ "

ဟုတ်တာပဲ တိုင်တန်က နဂိုထဲက သုံးဘုံမှာ တခုထဲရှိတာပဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now