ch.58.uni&zgi

460 22 1
                                    

🌿The Lengend of the blue sea

အပိုင်း(58) ပျံသန်းမျိုးနွယ်စုသို့အလည်တခေါက် သူမရောက်ခဲ့

"ကျွန်တော်မျိုးက ပျံသန်းမျိုးနွယ်စုရဲ့သမီးတော် စီမာယန်းယန်ပါ မင်းက ? "

"ရီနာနာ "

"ဟမ် ! ကျန်းဟိုင်ရဲ့ရေဘုရင်မရီနာနာလား"

"မင်းငါ့ကိုသိတာလား"

"သိပါတယ် တိုင်တန်ခရင်းခွပေါ်လာတုန်းက ကျွန်တော်မျိုးတို့ရဲ့အကြီးအကဲတွေလဲသွားခဲ့ကြတယ်လေ အရှင်မရဲ့ပုံတူပန်းချီက ဘိုးဘွားမှတ်တမ်းခန်းမမှာရှိပြီးတေ့ာ မျက်နှာချင်းဆိုင်တွေ့ခဲ့ရင် ....... "

"တွေ့ခဲ့ရင် ဘာဖြစ်လဲ ? "

"အာ မနှောင့်ယှက်ရဘူးလို့ပြောထားပါတယ် အရမ်းဒေါသကြီးပြီးစိတ်ဆိုးလွယ်တယ်တဲ့ အကုန်သတ်ပစ်လိမ့်မယ်တဲ့ "

"..........."

သူမက တကယ်ကြီးဒေါသကြီးပြီး စိတ်ဆိုးလွယ်တာလား

အကုန်ရောသတ်ပစ်ဖူးလို့လား

နှာခေါင်‌းလေးပွတ်နေတဲ့ စီမာယန်ယန်းကိုကြည့်ကာ ရီနာနာ နဖူးကြောတို့တွန့်သွားတော့တယ်

ပါးနှစ်ဖက်ပန်းဆီရောင်သန်းလုနီးပါးဖြစ်လောက်အောင်ဒေါသထွက်နေတဲ့ ရီနာနာကိုကြည့်ပြီး စီမာယန်ယန်းက ပါးချိုင့်ပေါ်အောင်ပြုံးလိုက်တယ်

"ဒါပေမဲ့ ကျဲက သဘောကောင်းတဲ့ပုံပေါ်ပါတယ် "

"ဟမ့်"

ရီနာနာက နှာမှုတ်လိုက်ပေမဲ့ သူမက မျက်ဝန်းထောင့်ကနေ စီမာယန်ယန်းကိုစွေကြည့်လိုက်ကာ စိတ်ကျေနပ်သွားလေတယ်

စီမာယန်ယန်းကလဲ ရီနာနာရဲ့အဲ့လိုချစ်စဖွယ်ပုံစံလေးကြောင့် ‌သူမရဲ့မကြည်လင်မူ့တွေအကုန်မေ့ပျောက်သွားပြီး ရီနာနာကို ပျံသန်းမျိုးနွယ်စုထဲ အလည်သွားဖို့ခေါ်တော့တယ်

သူတို့ပြောတဲ့အကြောင်းပြချက်က ရီနာနာဆီမှာရှိတဲ့အဖိုးတန်ပစ္စည်းတွေထဲက သူတို့လိုချင်တာလေးတွေကိုသူမလိုချင်တဲ့ပစ္စည်းနဲ့လဲရအောင်လို့ပါတဲ့

နာမည်ခံကသာ ကျန်းဟိုင်ရဲ့ရေဘုရင်မပဲ လူကတော့ ကုန်းပေါ်ရောက်နေလို့ ခနနေ နတ်သူငယ်ဖြစ်သွားလိုက် ခနနေ ကလေးအမေဖြစ်သွားလိုက် အခုလဲ ကုန်သည်ဖြစ်မှန်းမသိဖြစ်သွားပြန်ပြီ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now