အပိုင်း(81) uni&zgi

375 35 3
                                    


The Lengend of the blue sea

အပိုင်း(81) မော့ကျန်းဟိုရဲ့ကြွေလွင့်မူ့

ရီနာနာ ပြောစရာစကားမဲ့သွားလို့ သူ့ပါးကိုပဲနမ်းလိုက်‌ေတာ့တယ်

သူကလဲ သူမကိုပြန်နမ်းလာတယ် သူမတို့အနမ်းကသိမ်သိမ်မွေ့မွေ့နဲ့တိမ်စိုင်တွေကိုထိတွေ့နေရတဲ့အတိုင်းပဲ

အတန်ကြာမောဟိုက်လာမှ  သူတို့လွတ်လိုက်ကြတယ်

"မင်းကိုချစ်တယ် နာနာ ဒါက ကိုယ်ဘယ်ဘဝရောက်ရောက်အမြဲတည‌်နေမဲ့သစ္စာပဲ "

"အင်း ရှင့်ကိုယုံပါတယ် ကျွန်မကိုချစ်ပေးလို့လဲကျေးဇူးတင်ပါတယ်"

သူမ သူ့ကိုပြုံးကာကြည့်နေမိတယ်

သူကလဲသူမကိုပြုံးကာပြန်ကြည့်နေတယ် လုံးဝကို ပြည့်စုံနေတဲ့အခိုက်အတန့်လေးပေါ့

ဒါပေမဲ့လဲ အဲ့အခိုက်အတန့်က ခနလေးပဲ သူမပြုံးနေတာမပြီးသေးခင်မှာပဲ သူမရှေ့က မော့ကျန်းဟိုဟာ ပန်းပွင့်ချပ်‌ေတွလေမှာဝဲလွင့်သွားသလိုပဲ လေထဲမှာတင်ပျောက်ကွယ်သွားခဲ့တယ်

"...... ဘာ ... ဘာဖြစ်သွားတာလဲ?"

သူမ ရှေ့ကို ‌အ‌လောတကြီး သွားလိုက်ပြီး သူအိပ်နေခဲ့တဲ့အနွေးဓာတ်ရှိနေဆဲ အိပ်ရာပေါ်လက်နဲ့သပ်လိုက်မိတယ်

"သူ သူဘယ်ရောက်သွားတာလဲ?"

တုန်လှုပ်ခြင်းက သူမဆီမှာအတိုင်းသားထင်ဟပ်လာပြီး သူမသိလိုက်တာက သူပျောက်ကွယ်သွားတာကိုပဲ

ဟေးလုံက နဲနဲတော့ စိတ်တိုနေပေမဲ့ သူမရဲ့ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ပြီးတော့ မနေနိုင်လို့ပြောလာခဲ့တယ်

"တကယ်တော့အရှင်က သက်တမ်းမကုန်သင့်ပဲ ကြွေလွင့်သွားရတာ အဲ့ကျိန်စာကြောင့်ပါပဲ တခါက ကျွန်တော်တို့ရဲ့ရေတိုင်းပြည်ကို အမည်မသိလူတစ်ယောက်ရောက်လာခဲ့တယ် အဲ့အချိန် အရှင်ရဲ့မိဘတွေမှာ ကလေးမရှိလို့အရမ်းလိုချင်နေတဲ့အချိန်ပေါ့ အဲ့တန်ခိုးကြီးနတ်ဘုရားက ကလေးရအောင်လုပ်ပေးမယ် ဒါပေမဲ့ ကလေးမှာကျိန်စာတခုပါလာလိမ့်မယ်တဲ့ သူတို့ရှိနေသ‌‌ရွေ့အဲ့ဒီကျိန်စာကိုဖယ်ရှားနိုင်လိမ့်မယ်လို့‌ေတွးပြီးတော့ လက်ခံခဲ့ကြတယ် မွေးလာတဲ့ကလေးမှာ တကယ်ကျိန်စာတခုပါလာခဲ့တယ် အချစ်ကျိန်စာပေါ့ 'လူတစ်ယောက်ကိုစချစ်မိတာနဲ့အဲ့လူနဲ့ပတ်သတ်တဲ့အမူအယာအပြုအမူတိုင်းကကျိန်စာကိုသက်ရောက်စေလိမ့်မယ် အချစ်စစ်နဲ့ပြန်ချစ်ရင် အရှင်းပျောက်ကင်းမယ်လို့ပြောပြီးတော့ ပြန်မချစ်နိုင်ရင်တော့ တစစတိုက်စားပြီးတော့သေရလိမ့်မယ်' တဲ့ ' "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now