အပိုင်း(101)uni&zgi

397 21 1
                                    


The Lengend of the blue sea

အပိုင်း(101)

ရီနာနာ ကောင်းကင်အာကာပြင်ကိုမော့ကြည့်လိုက်တယ် ကောင်းကင်မင်းကြီးက ဟုန်ဟုန်ရဲ့လည်ပင်းကိုညှစ်ကိုင်ထားရင်း ရီနာနာကိုအော်ခေါ်လိုက်တယ်

"အချစ်နတ်ဘုရားမ ဒီမှာ မင်းရင်သွေး အခုချက်ချင်း အညံ့ခံလိုက်စမ်း မဟုတ်ရင် လည်ပင်းညှစ်သတ်လိုက်မိရင် ငါ့ကိုအပြစ်တော့မဆိုနဲ့ပေါ့ မြန်မြန်လုပ် မဟုတ်ရင် မတော်တဆလည်ပင်းညှစ်သတ်မိသွားလိမ့့်မယ် "

ရီနာနာ အသည်းနှလုံးတွေ ထွက်ကျသွားပြီလားလို့‌ထင်လိုက်မိတယ်

သူမရဲ့ရင်ခုန်သံက အတိုင်းအဆမရှိဆောင့်ခုန်သွားပြီးဦးနှောက်ထဲကိုရေဝင်သွားလို့လားမသိ လုပ်နေတာ‌ေတွအကုန် ရပ်တန့်သွားလေတယ်

"မြန်မြန် ကိုယ့်ဘာသာကိုယ်သတ်သေလိုက် မြန်မြန်လုပ်"

ကောင်းကင်မင်းကြီးက သူမကို သူမရဲ့ရင်ထဲကရတနာလေးနဲ့ သူမအသက်ကိုလဲချင်နေတယ်

ရီနာနာ မျက်ရည်တို့ကျဆင်းလာခဲ့တယ်

သူမက သာမာန်မိခင်ပါပဲ ကိုယ့်က‌လေးက သူများလက်ထဲမှာ သေလုနီးပါးဖြစ်သွားတဲ့အချိန် ဘာမှမစဉ်းစားနုိင်‌ေတာ့ပဲ သမီး‌လေးကိုပဲကယ်တင်ချင်နေတဲ့မိခင်ပဲဖြစ်သွားခဲ့တယ်

သူမရဲ့အပြုအမူကြောင့် တိုက်ခိုက်နေကြတဲ့သူတွေအားလုံးလဲ ရပ်တန့်သွားကြပြီး ယန်ကျင်းကလဲ အခြေအနေကိုရိပ်မိသွားခဲ့လေတယ်

ရီနာနာ‌ကတော့ ကြောက်လွန်းလို့တုန်ရီနေပြီး ရတနာလေး တခုခုဖြစ်မှာကိုစိုးရိမ်နေခဲ့တာပေါ့

"ရတနာလေး !"

သူမရဲ့ရင်ထဲကနာမည်က သူမကလေးရဲ့နာမည်က ရတနာလေးပဲ

"ရတနာလေးကိုလွှတ်လိုက်ပါ အဲ့ဒါက ရှင့်ရဲ့မြေးပဲလေ ရတနာလေးကိုထိခိုက်အောင်မလုပ်ပါနဲ့ "

"ကိုယ့်ဘာသာကိုယ်သတ်သေလိုက် ဒါဆိုရင် မင်းရဲ့အဖိုးတန်ရတနာလေးကိုလွှတ်ပေးမယ်"

ရီနာနာ အကြည့်တွေက ဇက်ကျိုးလုနီးပါးဖြစ်နေတဲ့ကလေးဆီမှာသာ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now