19.zgi

196 9 1
                                    

The Lengend of the blue sea

အပိုင်း(19) လူဖြစ်လာတဲ့ရေဘုရင်

ရီနာနာမျက်လုံးဖွင့်လိုက်တောသူမမြင်နေရတာက ကမာတစ်ကောင်ရဲ့အမိုးပဲ

ပန်းရောင်သန်းနေတဲ့ပုလဲတလုံးရော

သူမထလိုက်ပြီးအောက်ဆင်းလိုက်တော့ ကြာမြင့်စွာအိပ်စက်ထားလို့ပျော့ခွေနေတဲ့ဒူးတွေကသူမကိုသစ္စာဖောက်ခဲ့တယ်

"အ "

သူမကြမ်းပြင်ပေါ်လိမ့်မကျသွားခင် တိုင်တန်ခရင်းခွက သူမဆီလျှပ်တပြက်ရောက်လာခဲ့ပြီးအားပြုစေခဲ့တယ်

အေးစက်တဲ့ရေအောက်ကကြမ်းပြင်

ပြီးတော့

လှပတဲ့သန္တာကျောက်တန်းများနဲ့ပန်းလေးတွေ

နေအနဲငယ်ထိုးနေလို့ လျပ်စီးသလိုပြေးနေတဲ့အလင်းလှိုင်းလေးတွေရယ်

အရာအားလုံးက လှနေတာပဲ

ရုတ်တရက်ကြီးသူမစိတ်ချမ်းသာသွားသလိုရယ်

သူမရဲ့လက်တွေကိုဖြန့်ကြည့်လိုက်တယ်

သူဆုပ်ကိုင်ခဲ့တဲ့သူမရဲ့လက်က နှလုံးသားထဲထိနွေးထွေးနေတုန်း

သူမက သွေးအေးသတ္တဝါမျိုးနွယ်ဝင်ဖြစ်သွားပေမဲ့ သူမရဲ့နှလုံးသားကတော့ နွေးထွေးတတ်ပါသေးတယ်

"နာနာ?"

သူမကိုအရဲစွန့်ခေါ်တဲ့သူ့ရဲ့အသံလေးကအခုတော့တိုးနေတယ်

သူမလှည့်ကြည့်လိုက်တော့ သူ့ရဲ့မျက်ဆံပြာများကလဲအနဲငယ်မှိုင်းထိုင်းနေသလိုပဲ

"ကိုယ်...ကိုယ်လေ"

ထစ်အနေတဲ့သူက

အေးဆေးတည်ငြိမ်ခဲ့တဲ့သူမဟုတ်သလိုပဲ

သူမနဲ့အတူမိုးကြိုးအပြစ်ဒဏ်ခံတုန်းက ဘယ်လောက်ရဲရင့်ခဲ့သလဲ

အခုလို တွန့်ဆုတ်နေတဲ့ဟန်က သူမဟုတ်သလိုရယ်

"ကျွန်မကုန်းမြေကိုအလည်သွားမယ်"

"ဟင်"

"ကျွန်မရဲ့တိုင်းပြည်ကိုပြန်သွားပြီး ဒီသစ္စာဖောက်မကိုအဖိုးတန်တာတခုခုနဲ့ပြန်လဲလာရမယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now