အပိုင်း(21)

1K 59 0
                                    

🌿The legend of the blue sea

အပိုင်း(၂၁) သူမနှလုံးသားတံခါးရဲ့အဝင်ဝ

ဘာကြောင့်မှန်းမသိ

ရီနာနာ စိတ်ထဲပျော်ဝင်နေတယ်

သူ့ရဲ့ဆွဲဆောင်မူ့တွေအောက်မှာကျရှူံးနေတာမှအတုံးအရုံးပဲ

"ကျွစ်"

သူမ ဘာများဖြစ်နေပါလိမ့်

သူ့ဆီကအကြည့်မလွဲနိုင်ဘူးဖြစ်နေတာ

အရမ်းဆွဲဆောင်ခံနေရသလိုမျိုး

အမ်း ဆွဲဆောင်မူ့မှာကျရှုံးနေသလိုမျိုး

ဒါက သူမကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်

"နာနာ?"

သူ့ရဲ့ခေါ်သံက သူမနားမှာညင်သာစွာဖြတ်သန်းစီးဆင်းသွားပြီး အသည်းနှလုံးထဲထိတငြိမ့်ငြိမ့်ဖြတ်သန်းဝင်ရောက်သွားတယ်

ထိုင်နေရင်းပူထူသွားပြီး သူမကိုပင့်သက်ချမိစေတယ်

သူမဒီမှာဆက်နေရင်တခုခုတော့ဖြစ်တော့မှာပဲ

သူမရဲ့ရှေ့လျှောက်အစီအစဉ်မှာ ယောကျာ်းတယောက်ဝင်ရှုပ်လာမှာကို သူမ မကြိုက်ဘူး

မဖြစ်သေးဘူး

သူမ မျက်လွှာချလိုက်တယ်

တဒုန်းဒုန်းခုန်နေတဲ့ရင်ဘတ်ကိုသူမဖိထားလိုက်တယ်

နေကပူနေပြီး ကောင်းကင်ကြီးကပြာလဲ့နေတာပဲ

သူမရေအောက်မှာအနေများသွားလို့ အဲ့လိုဖြစ်‌တာပဲနေမယ်

ဟုတ်တယ်

ကုန်းပေါ်မှာအနေများသွားလို့ဖြစ်မယ်

သူမကုန်းမြေပေါ်တက်လာလို့ ပြုစားခံလိုက်ရတာဖြစ်မယ်

သူမသက်တောင့်သက်ဖြစ်နေတဲ့အနေအထားကို ပိုပြီးသက်တောင့်သက်သာဖြစ်အောင်နေရာရွေ့လိုက်တယ်

ပြီးတော့ သူ့ကိုပြန်ကြည့်လိုက်တယ်

"နာနာ? ကိုယ့်ရဲ့အရေပြားတွေ ဘာဖြစ်တာလဲမသိဘူး"

"ဟမ်"

သူမ မျက်လုံးတွေတောင်ကျယ်သွားတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now